ပုသိမ် (မဇ္ဈိမ) ။ ။ ကျောင်းကုန်းမြို့မာလာကွင်းရွာအနီးတွင် ရန်ကုန်မြို့၊ လှိုင်မြို့ဓမ္မစကူးလ်မှ ရေဘေးကယ်ဆယ်ရေး လာရောက်လုပ်ကိုင်သူ ဆရာတော် နှစ်ပါး၊ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဉ်ီးမှာ သြဂုတ်လ ၁၂ ရက်၊ ညနေ ၆ နာရီကျော်တွင် ရေနစ်သေဆုံးကြောင်း သိရှိရသည်။
“ ဖြစ်တာ မာလာကွင်း အနားမှာ ဖြစ်တာ။ ကားက လမ်းနယ်ကျော်ပြီး ကျသွားတာ။ ရေတွေ များနေတော့ အခုလို ဖြစ်သွားတာ။ ကားက တိုယိုတာ ဆာ့ဖ်ကား၊ ကားဒရိုင်ဘာ ဖမ်းထားတယ်” ဟု ကျောင်းကုန်းမြို့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့မှ ကိုစိုးသန်း က မဇ္ဈိမကို ပြောသည်။
၎င်းက ဆက်လက်၍ “ရေတွေ လမ်းပေါ် ကျော်နေတယ်၊ ဘေးချောင်းထဲ ကျသွားတာပါ။ ကားပေါ်မှာ ခုနစ် ယောက်ပါတယ်။ ဒရိုင်ဘာနဲ့ တစ်ယောက်ပဲ အသက်ရှင်တယ်။ ဘုန်းကြီးနှစ်ပါး၊ အမျိုးသား ဆရာဝန်တစ်ယောက်၊ အမျိုးသမီးနှစ်ယောက် ဆုံးပါးသွားတယ်။ အခု ကျောင်းကုန်းဆေးရုံ ရင်ခွဲရုံကို ပို့ပြီးပြီ” ဟု ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့တွင် သြဂုတ် ၁၀ ရက် ညနေကလည်း စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းဆင်းလာသူ ကျောင်းသူ သုံးဦး ရေနစ်သေဆုံးခဲ့သေးသည်။