ဗြိတိန် X Factor တွင်အနိုင်ရခဲ့သော Matt Terry က အယ်လ်ဘမ်ခွေထုတ်ရန်နှင့် ကမ္ဘာလှည့်ဖျော်ဖြေရန် အစီအစဉ်ရှိ

ဗြိတိန် X Factor တွင်အနိုင်ရခဲ့သော Matt Terry က အယ်လ်ဘမ်ခွေထုတ်ရန်နှင့် ကမ္ဘာလှည့်ဖျော်ဖြေရန် အစီအစဉ်ရှိ

မကြာသေးခင်ကမှ ဗြိတိန် X Factor ပြိုင်ပွဲမှာ ပူပူနွေးနွေး အနိုင်ရရှိထားတဲ့ အဆိုတော် Matt Terry ဟာ အယ်လ်ဘမ်သစ်နှင့် ကမ္ဘာလှည့်ဖျော်ဖြေမည့်သူ၏ အစီအစဉ်များကိုပြောပြခဲ့ပါသည်။

အသက်၂၃နှစ်အရွယ်အဆိုတော်ဟာ ဖင်လန်နိုင်ငံသူ Saara Alto ကိုပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူခဲ့ကာ အနိုင်ရသူတွေရဲ့ထုံးစံအတိုင်း သီချင်းတစ်ပုဒ်သီဆိုခွင့်က ိုရရှိခဲ့ပြီး အဆိုပါ သီချင်းကိုတော့ ဂရမ်မီဆုများရှင် အဆိုတော် Ed Sheeran ကရေးသားပေးခဲ့ကာ “When Christmas Comes Around”လို့ အမည်ရတဲ့ ခရစ်မတ်ပွဲတော် သီချင်းတစ်ပုဒ်ဖြစ်ပါသည်။

“ကျနော့်သီချင်းအယ်လ်ဘမ်အတွက် ကျနော်သီချင်းတွေ ရေးချင်ပါတယ်၊ တကယ့်ကိုတော်တဲ့သီချင်းရေးဆရာ တွေနဲ့ ကျနော်အလုပ်တွဲလုပ်လိုပါတယ်” လို့ ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးမှာ Terry ကပြောကြားခဲ့ပါ သည်။ ဒါ့အပြင် “ ကျနော်သီချင်းသစ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ထိုသီချင်းနဲ့လည်း ကမ္ဘာလှည့်ဖျော်ဖြေပွဲ လုပ်ချင်ပါတယ်၊ နောက်ပြီး ကျနော်အိပ်မက်ခဲ့ရသမျှ အံ့သြစရာ အရာအားလုံးကိုလည်း ကျနော်ဖန်တီးချင်ပါတယ်” လို့ဆက်ပြောခဲ့ပါသည်။

ပြီးခဲ့တဲ့ပြိုင်ပွဲမှာ အမေရိကန်အဆိုတော် Nicole Scherzinger က Terry ရဲ့ အသံဆရာအဖြစ် တာဝန်ယူခဲ့ပါ သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required