The Times and The Sun သတင်းစာထုတ်ဝေသည့် ကုမ္ပဏီပိုင်ရှင် ရူးပက်မော်ဒက်ရှ် မော်ဒယ် ဂျယ်ရီဟေ နှင့် လက်ထပ်

The Times and The Sun သတင်းစာထုတ်ဝေသည့် ကုမ္ပဏီပိုင်ရှင် ရူးပက်မော်ဒက်ရှ် မော်ဒယ် ဂျယ်ရီဟေ နှင့် လက်ထပ်

နယူးယော့ခ်၊ မတ် ၅ ။             ။ The Times and The Sun သတင်းစာထုတ်ဝေသည့် ဗြိတိန်ကုမ္ပဏီ ပိုင်ရှင် ရူးပက်မော်ဒက်ရှ်  နှင့် သရုပ်ဆောင် မော်ဒယ် မင်းသမီး ဂျယ်ရီဟောလ်တို့သည်  Spencer House အိမ်ကြီးရခိုင်တွင် လက်ထပ်ပွဲကျင်းပခဲ့သည်။

အဆိုပါ လက်ထပ်ပွဲသည် မော်ဒက်ရှ်၏ လေးကြိမ်မြောက် လက်ထပ်ပွဲဖြစ်ပြီး အသက် ၅၉ နှစ်အရွယ်ရှိ ဂျယ်ရီဟောလ်သည် ၁၉၉၂ ခုနှစ်က မက်ခ်ဂျန်ခါ နှင့် ဘာလီတွင်ပြုလုပ်သောလက်ထပ်ပွဲကို ဗြိတိန်တရားရုံးက တရားဝင်မဟုတ်ကြောင်း ကြေညာခဲ့ဲပြီးနောက်ပိုင်း ဂျယ်ရီအတွက်  ပထမဆုံးအကြိမ် လက်ထပ်ခြင်းဖြစ်ဖြစ်သည်။

အသက် ၈၄ နှစ်အရွယ်ရှိ သြစတြေးလျနွယ်ဖွား မော်ဒက်ရှ်က “  သူဟာ ကမ္ဘာပေါ်မှာ ကံကောင်းဆုံး နဲ့ အပျော်ရွှင်ဆုံး အမျိုးသားတစ်ဦးဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရူးပက်မော်ဒက်ရှ် နှင့် ၎င်း၏မိသားစုသည် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၁ဒသမ၂ ဘီလံျပိုင်ဆိုင်ထားခြင်းက မော်ဒက်ရှ်ကို  ကမ္ဘာပေါ်တွင် နံပါတ် ၇၇ အဆင့်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်စေကြောင်း ၂၀၁၅ ခုနှစ် ဖော့စ်မဂ္ဂဇင်းတွင် ဖော်ပြချက်အရ သိရသည်။

မော်ဒက်ရှ်၏ မိသားစုသည် နိုင်ငံငါးနိုင်ငံတွင် သတင်းစာတိုက် ၁၂၀ ကို ထိန်းချုပ်လုပ်ကိုင်လျက်ရှိကြောင်း နှင့် မော်ဒက်ရှ်သည် ၂၀၁၃ ခုနှစ်က တတိယမြောက် ဇနီး ဝန်ဒီဒေါင် နှင့် ကွဲရှင်းပြတ်စဲခဲ့သည်။

မော်ဒက်ရှ် နှင့် ဂျယ်ရီတို့၏ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်နွေရာသီက စတင်ခဲ့ကြောင်း နှင့် ယခုနှစ်အစောပိုင်းက လော့စ်အိန်ဂျလိစ်တွင် စေ့စပ်ပွဲပြုလုပ်ခဲ့ကြောင်း ကောလဟာလသတင်းများထွက်ပေါ်ခဲ့သည်။

မော်ဒက်ရှ် နှင့် ဂျယ်ရီတို့သည် လန်ဒန်မြို့တွင် အောက်တိုဘာလက ကျင်းပပြုလုပ်သော ရတွ်ဘီဘောလုံးကမ္ဘာဖလား ဗိုလ်လုပွဲ၌ ပထမဆုံးအကြိမ်အတူတွေ့ရှိခဲ့သည်။မော်ဒက်ရှ်နှင့် ဂျယ်ရီတို့နှစ်ဦးသည် သြစေတြးလျတွင် မော်ဒက်ရှ်၏ညီအစ်မများ နှင့်တူများ၏မိတ်ဆက်ပေးမှုကြောင့် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required