LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
Liverpool 2 – 1 Bournemouth (FT)

လီဗာပူးလ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲကစားချိန် မိနစ် (၉၀)ပြီးဆုံးသွားခဲ့ပါပြီ။ လီဗာပူးလ်အသင်းက ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲ ဘုန်းမောက်အသင်းကို အနိုင်ယူသွားခဲ့ပြီး သူတို့ရဲ့ အိမ်ကွင်းနိုင်ပွဲဆက်မှုကို ဆက်လက်ထိန်းသိမ်းသွားခဲ့တာပါ။

ဘုန်းမောက်အသင်းကတော့ ဒီပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်ရဦးမယ့်ပုံပါပဲ။ နည်းပြ ဟိုဝီရဲ့အသင်းဟာ ကစားပုံကောင်းပေမယ့် ခံစစ်ပိုင်း ပေါ့လျော့မှုအချို့ကြောင့် အခုလို ရှုံးပွဲ ကြုံတွေ့သွားရတာလို့ ပြောရမှာပါ။

ကဲ…ဒီနေ့အတွက် လီဗာပူးလ်-ဘုန်းမောက် ပွဲစဉ်ကို တင်ဆက်ပေးခဲ့သလိုပဲ မနက်ဖြန်မှာလည်း ပရီးမီးယားလိဂ်ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီး အသင်းတို့ရဲ့ ပွဲစဉ်ကို တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို ဆက်လက် စောင့်ကြည့်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀)ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

89 Min

ဘုန်းမောက်ရဲ့ အဓိက ကွင်းလယ်ကစားသမား ဘီလင်း ကတော့ အသင်းဖော် အချင်းချင်း ဝင်တိုက်မိခဲ့လို့ ဒဏ်ရာရသွားခဲ့ပြီး ဆက်ကစားနိုင်ခြင်း မရှိတော့ပုံပဲ ခင်ဗျာ။ ဘီလင်းသာ ဆက်မကစားနိုင်ရင် ဘုန်းမောက်အသင်းက (၁၀)ယောက်နဲ့ ကစားရတော့မှာပါ။ လူစားလဲမှုက (၃)ကြိမ်ပြည့်သွားခဲ့ပါပြီ။

87 Min

လီဗာပူးလ်အသင်းကတော့ ချိန်ဘာလိန်ရဲ့နေရာမှာ လယ်လာနာ ကို ထည့်သွင်းကစားလိုက်ပြီ ခင်ဗျာ။ ဒီရာသီကုန်ရင် လီဗာပူးလ်နဲ့ စာချုပ်ကုန်တော့ မယ့် လယ်လာနာ အတွက်တော့ သူ့ရဲ့နောက်ဆုံးရာသီကို လီဗာပူးလ်နဲ့အတူ ဖြတ်သန်းနေရတာပါ။

86 Min

ဒီတစ်ကြိမ်မှာလည်း ချိန်ဘာလိန်ရဲ့ အဝေးကန်ချက်ကို မြင်လိုက်ရပြီး ထုံးစံအတိုင်း ဂိုးပေါက်နဲ့ လွဲသွားခဲ့ပြန်တယ် ခင်ဗျာ။

Updates

4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago

Pages

Mizzima Weekly