LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)

22 December 2019
LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)
Premier League December 22, 20:30

Watford
2-0 (FT)
Ismaila Sarr 50' Troy Deeney 54' (P)

Stadium: Vicarage Road

Watford 2 – 0 Man United (FT)

ဝက်ဖို့ဒ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဝက်ဖို့ဒ်အသင်းအတွက်တော့ ဒီပွဲမှာ တိုက်စစ်ကစားသမား အစ္စမိုင်လာဆား က အဓိက ကျခဲ့ပြီး သူ့ရဲ့ကန်ချက်ကြောင့် ဦးဆောင်ဂိုးရခဲ့သလို ၊ ဝက်ဖို့ဒ်အသင်းရခဲ့တဲ့ ဒုတိယဂိုးကလည်း သူ့ကြောင့်ရတဲ့ ပင်နယ်တီကနေ ရရှိသွားခဲ့တာကြောင့်ပါ။

မန်ယူအသင်းကတော့  ဖရက်ဒ်၊ တိုမီနေးနဲ့ ဘစ်ဆာကာ တို့ကလွဲပြီး ကျန်တဲ့ ကစားသမားတွေက ပုံမှန်လောက်ပဲ ကစားနေကြလို့ မထင်မှတ်တဲ့ ရှုံးပွဲတစ်ပွဲနဲ့ရင်ဆိုင်သွားခဲ့ရတာလို့ ပြောရမှာပါ။

ဝက်ဖို့ဒ်ကို ရှုံးခဲ့တယ်ဆိုပေမယ့်လည်း နည်းပြ ဆိုးလ်ရှားအတွက်တော့ ဖိအားမဖြစ်သေးဘူးလို့ ပြောရမှာဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘယ်ကစားသမားတွေကို ခေါ်ယူသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။

ကဲ….လာမယ့် Boxing Day ပွဲစဉ်တွေကိုလည်း Mizzima ကနေ တိုက်ရိုက် Live Commentary ထုတ်လွှင့်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်းစောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။

Injury Times (+3)

 ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် ထပ်ပေးထားခဲ့တယ် ခင်ဗျာ။

89 Min

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို စောဒက တက်နေခဲ့တယ်ခင်ဗျာ။ ဒီနေ့ပွဲကို တာဝန်ယူကိုင်တွယ်နေတဲ့ ကွင်းလယ်ဒိုင် မေဆွန်ရဲ့ ဆုံးဖြတ်ချက်တွေက ဝက်ဖို့ဒ်ဖက်ကို အသာရစေခဲ့တယ််လို့ မန်ယူကစားသမားတွေ ထင်နေကြပုံပါ။

88 Min

ဒီပွဲမှာ မန်ယူအသင်းအတွက် အကောင်းဆုံး ကစားသမားကို ပြောပါဆိုရင်တော့ ကွင်းလယ်လူ ဖရက်ဒ်ကို ပြရမှာပါ။ ဖရက်ဒ်က မန်ယူအသင်းရဲ့ခံစစ်နဲ့ တိုက်စစ်ကို မျှတအောင် ပုံဖော်ပေးနေပြီး တခြားကစားသမားတွေထက် သိသိသာသာကောင်းနေခဲ့တာကို မြင်နေရတယ်ခင်ဗျာ။ လူစားဝင်လာခဲ့တဲ့ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်တစ်ယောက် ဂိုးသမားကို ကျော်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပြန်ပါဘူး။

86 Min

ပေါ့ဂ်ဘာရဲ့ ကန်သွင်းချက်က ဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့် ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာ တစ်ယောက် ခက်ခက်ခဲခဲ ကာကွယ်သွားနိုင်ခဲ့တာ ခင်ဗျာ။ ပွဲပြီးခါနီးမှာ ကစားသမားတွေ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကစားလာကြသလို ပြစ်ဒဏ်ဘောတွေ မကြာခဏ ဖြစ်နေတာကို မြင်နေရပါပြီ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly