LIVE: စပါး ၂-၀ မန်စီးတီး (Full-time)

02 February 2020
LIVE: စပါး ၂-၀ မန်စီးတီး (Full-time)
Premier League February 2, 23:00

Tottenham
2-0 (FT)
GoalsSteven Bergwign 63' | Son Heung-min 71'
Red cardsZinchenko 60'
Stadium: Tottenham Hotspur Stadium
83 Min

မန်စီးတီးအသင်း ဂိုးရဖို့ အခွင့်အရေးကောင်းတစ်ကြိမ်ရခဲ့တာ ခင်ဗျာ။ ကန်ဆယ်လိုရဲ့ ပေးပို့မှုက ဒီဘရိုင်းနဲ့ နည်းနည်းလေး လွဲသွားခဲ့လို့ စပါးအသင်း သက်သာသွားခဲ့တာပါ။

81 Min

ပထမပိုင်းမှာ အဝါကတ်တစ်ကြိမ် အပြခံထားရတဲ့ အယ်လ်ဒါဝီး တစ်ယောက် ပြစ်ဒဏ်ဘောတွေ ကျူးလွန်နေခဲ့လို့  ကွင်းလယ်ဒိုင်က သတိပေးထားခဲ့တယ် ခင်ဗျာ။

79 Min

တစ်ယောက်လျော့အနေအထားမှာ (၂)ဂိုးပေးထားရတဲ့ မန်စီးတီးတွေအတွက်တော့ ဘယ်လိုမှ ပြန်မလာနိုင်တော့ဘူးလို့တောင် ပြောရမှာပါ။ မန်စီးတီးက တစ်ပွဲဲလုံး စပါးထက် ကစားပုံပိုကောင်းခဲ့ပေမယ့် ဇင်ချန်ကို ထွက်လိုက်ရတာက အဖြေဖြစ်သွားခဲ့ပြီး နည်းပြ မော်ရင်ဟိုရဲ့  နည်းစနစ်ပိုင်းကလည်း စပါးအသင်းကို အလုပ်ဖြစ်စေခဲ့တာပါ။

77 Min

မန်စီးတီးအသင်းကတော့ မာရက်ဇ်ရဲ့နေရာမှာ ဂျီးဆပ် ကို ထည့်ပြီး ကစားစေလိုက်ပါပြီ

76 Min

စပါးနည်းပြ မော်ရင်ဟိုကတော့ အယ်လီနေရာမှာ အန်ဒွန်ဘီလီ ၊ ဘတ်ချ်ဝင်းရဲ့နေရာမှာ လာမယ်လာ တို့ကို ထည့်ပြီး ကစားလိုက်ပြီ ခင်ဗျာ။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly