LIVE: စပါး ၂-၁ ဘရိုက်တန် (Full-time)

26 December 2019
LIVE: စပါး ၂-၁ ဘရိုက်တန် (Full-time)
Premier League December 26, 19:30

Tottenham
2-1 (FT)
Harry Kane 53' Dele Alli 72' Adam Webster 37'

Tottenham Hotspur Stadium

86 Min

ဘရိုက်တန်ကတော့ မူပေးဝင်လာတော့မှ သူတို့ရဲ့ တိုက်စစ်လမ်းကြောင်းကြီး ပျောက်သွားတာကို တွေ့နေရပါတယ်။ ဂရော့ဘ်နဲ့ အာရွန်မွိုင်းတို့လည်း ဒုတိယပိုင်းမှာ ကစားအားကျသွားကြလို့ ဘရိုက်တန်ရဲ့ တိုက်စစ်က ချေပဂိုးရဖို့ ရုန်းကန်နေရပါပြီ။

84 Min

သူ့ရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက် လူချကစားခံနေရလို့ မော်ရင်ဟိုကတော့ ကွင်းဘေးမှာ ပေါက်ကွဲနေပါပြီ။ အရန်ဒိုင်လူကြီးကို အော်ဟစ်နေတဲ့ မော်ရင်ဟို ကို သူ့ရဲ့ပုံစံအတိုင်း တွေ့နေရပြီး သူ့ကစားသမားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုနေတယ်ခင်ဗျာ။

82 Min

ပွဲကစားချိန်က မိနစ်(၈၀)ကို ကျော်လာခဲ့ပြီ ခင်ဗျာ။ စပါးက (၂-၁)ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့လို့ ဖိအားမရှိပဲ ကစားနိုင်တဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပြီး ဘရိုက်တန်ကို စိတ်အေးလက်အေးနဲ့ ထိန်းချုပ်ကစားနေတာကို တွေ့နေရတာပါ။

80 Min

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့တဲ့ စပါးအသင်းရဲ့ စိတ်ဓာတ်ပိုင်းကတော့ ဒီပွဲမှာ ချီးကျူးစရာပါ။ မော်ရင်ဟိုအတွက်တော့ ဒီအတိုင်းသာ ပွဲပြီးသွားမယ်ဆိုရင် လှပတဲ့ ခရစ္စမတ်လက်ဆောင်တစ်ခု ဖြစ်လာဖို့ရှိနေခဲ့တာခင်ဗျာ။

79 Min

မော်ရင်ဟိုကတော့ ခံစစ်ကို ပိုမိုအာရုံစိုက်ဖို့အတွက် မော်ရာ ကို ထုတ်ပြီး အဲရစ်ဒိုင်ယာ ကို ထည့်သွင်း ကစားစေလိုက်ပြီ ခင်ဗျာ

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly