LIVE: ရှက်ဖီး ၃-၃ မန်ယူ (Full-time)

24 November 2019
LIVE: ရှက်ဖီး ၃-၃ မန်ယူ (Full-time)
Premier League November 24, 23:00

Sheff Utd
3-3 (FT)
John Fleck 19' Mousset 52' McBurnie 90' Williams 72' Greenwood 77' Rashford 79'
 
ဘရာမော်လ်ကွင်း
Goal!!!

မန်ယူအသင်းရဲ့ လူစားဝင်ကစားသမား ဂရင်းဝုဒ်တစ်ယောက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူလိုက်ပြန်ပြီ ခင်ဗျာ။

77 Min

ဒုတိယပိုင်း ပွဲကစားချိန်ကတော့ (၁၅)မိနစ်လောက် ကျန်နေသေးတယ်ခင်ဗျာ။ မန်ယူအသင်းကပဲ သူတို့လိုအပ်နေတဲ့ သွင်းဂိုးတစ်ဂိုးကို ရသွားမလား၊ ရှက်ဖီးကပဲ အနိုင်ဂိုးတွေကို ဆက်ထိန်းသွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။

75 Min

မန်ယူအသင်းက ဆက်တိုက်ဆိုသလို တိုက်စစ်ကို မြှင့်တင်လိုက်ပြီး ကွင်းလယ်လူ ပါရဲရားရဲ့နေရာမှာ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ထည့်လိုက်ပြန်ပြီ ခင်ဗျား။

Goal!!!

မန်ယူအသင်းရဲ့ နောက်ခံလူ ဘရန်ဒန်ဝီလီယံက ဂိုးဧရိယာအပြင်ကနေ အပြင်းကန်သွင်းပြီး ချေပဂိုး တစ်ဂိုး သွင်းယူလိုက်ပြီ ခင်ဗျာ..

73 Min

ပွဲချိန်ဒုတိယပိုင်းမှာ မန်ယူအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက (၆၄) ရာခိုင်နှုန်းရှိခဲ့ပြီး ရှက်ဖီးထက် ပိုလို့ ဘောလုံးကိုင်ထားနိုင်ခဲ့တာပါ။ ဒါပေမယ့် တိုက်စစ်ကို လိုက်ပါကစားနိုင်မှုမှာတော့ အားနည်းနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ရှက်ဖီး ဆီက ချေပဂိုးတစ်ဂိုး ပြန်မယူနိုင်သေးဘူး ခင်ဗျာ

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly