LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)

16 November 2019
LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)
UEFA EURO Qualifiers November 16, 23:30

Russia
1-4
Thorgan Hazard 19' Eden Hazard 33' 40' Lukaku 72' | Georgi Dzhikiya 79'
Krestovsky Stadium
77 Min

လက်ရှိအခြေအနေအရတော့ ဘယ်လ်ဂျီယံက အုပ်စုတွင်းရှုံးပွဲမရှိစံချိန်ကို ဆက်ပြီးထိန်းထားနိုင်ပြီလို့ ပြောရမယ်ခင်ဗျာ။ နှစ်သင်းစလုံးက အားစိုက်ပြီး သိပ်မကစားတော့ပဲ ပွဲကိုထိန်းနေတာ တွေ့နေရပါတယ်။ ရုရှားကစားသမားတွေကတော့ လုံးဝကိုစိတ်ဓာတ်ကျနေကြပုံပဲခင်ဗျာ။

Goal!!! 72 Min (လူကာကူ)

လူကာကူ ရဲ့ လှပတဲ့ကန်ချက်က ဘယ်လ်ဂျီယံ အတွက် စတုတ္ထမြောက် ဦးဆောင်ဂိုးဖြစ်သွားစေခဲ့ပါပြီ။ ရုရှားကတော့ ဘယ်လိုမှ ပြန်မလာနိုင်တော့ပါဘူး။

 

70 Min

ပွဲချိန် မိနစ် ၇၀ နီးပါးကိုရောက်လာခဲ့ပါပြီ။ ဘယ်လ်ဂျီယံအသင်းက သူတို့ရဲ့ဦးဆောင်ဂိုးတွေကို ဆက်လက်ထိန်းကစားဖို့ ကြိုးစားနေခဲ့သလို ရုရှားအသင်းကလည်း ထိရောက်တဲ့ ဖိအားပေးမှုတွေ မလုပ်နိုင်သေးပါဘူး။

68 Min

ဘယ်လ်ဂျီယံအသင်းက အမှားများနေတဲ့ ဗာမယ်လန်းရဲ့နေရာမှာ ဒီနေယာကို အစားထိုးပြီး ထည့်သွင်းကစားတယ် ခင်ဗျာ။
 

66 Min

ကက်စတက်နီရဲ့ ဖျက်ထုတ်မှုကြောင့် ဘယ်လ်ဂျီယံဂိုးဧရိယာအစပ်မှာ ရုရှားတို့ ပြစ်ဒဏ်ဘောကန်ခွင့်ရတယ်ခင်ဗျာ။ ဒါပေမယ့် ကော့တွိုက်စ်က လက်စွမ်းပြပြီးဖမ်းယူသွားခဲ့ပါတယ်။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly