LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)

14 December 2019
LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)
Premier League December 14, 19:00

Liverpool
2-0 (FT)
Salah 38' 90'
Anfield
88 Min

လီဗာပူးလ်နောက်ခံလူ အာနိုးလ် ကတော့ ဒယ်လိုဖူ ကို တစ်ချိန်လုံး ကြမ်းကြမ်းတမ်းတမ်း ကစားနေတာကို တွေ့နေရတယ် ခင်ဗျာ။ သူ့အနေနဲ့ ဒီ အန္တရာယ်များတဲ့ တောင်ပံကစားသမားကို အမှန်ကန်ဆုံးပုံစံနဲ့ တားဆီးနေတာလို့တောင် ပြောရမလားပါပဲ။

86 Min

မထင်မှတ်ပဲ လီဗာပူးလ်အသင်းက ဂိုးရမလို ဖြစ်ခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာ တစ်ယောက် အနာခံပြီး ဖမ်းယူသွားခဲ့လို့ လီဗာပူးလ်အသင်း ဒုတိယ ဦးဆောင်ဂိုးနဲ့ လွဲချော်သွားတာပါ။

84 Min

ပွဲကစားချိန်ကတော့ မိနစ် (၈၀)ကို ကျော်လွန်လာခဲ့ပြီ ခင်ဗျာ။ လီဗာပူးလ်အသင်းက ပထမပိုင်းက သွင်းဂိုးတစ်ဂိုးနဲ့ပဲ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ဒီပုံစံအတိုင်းပဲ ပွဲပြီးသွားမယ်ဆိုရင်တော့ လီဗာပူးလ်ကို ယုံယုံကြည်ကြည်အားပေးသူတွေ အကုန်အကျများမယ့်အနေအထားပါ။

82 Min

ဗန်ဒိုက်နဲ့ ဂိုးသမား အလစ်ဆန် တို့ နားလည်မှု လွဲသွားခဲ့တာကို မြင်နေရတယ်ခင်ဗျာ။ ဗန်ဒိုက်က ဂိုးထဲကို ပြန်ပေးလိုက်တဲ့အချိန်မှာ အလစ်ဆန် က နေရာမှာ ရှိမနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့ပါတယ်။

80 Min

ဝက်ဖို့ဒ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ အစ္စမိုင်လာဆား တစ်ယောက် အခွင့်အရေးရဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်နောက်ခံလူ ဂိုမက်ဇ်က ပါးပါးနပ်နပ်နဲ့ ဖျက်ထုတ်သွားနိုင်ခဲ့တယ် ခင်ဗျာ။ ဒီနေ့ပွဲမှာ ပါဝင်ခဲ့တဲ့ ဂိုမက်ဇ်နဲ့ ဗန်ဒိုက်တို့အတွဲက လက်ရှိအချိန်အထိတော့ အတွဲညီနေခဲ့ပြီး ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တား ပြနေတယ် ခင်ဗျာ။