LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)

10 November 2019
LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)
Premier League November 10, 23:00

Liverpool
3 - 1 (FT)
Fabinho 6' Salah 13' Mane 51' Bernardo Silva 78'
Anfield
63 Min

မန်စီးတီးရဲ့ အားထားရတဲ့ကစားသမားတွေဖြစ်ကြတဲ့ ဝေါ်လ်ကာ၊ စတာလင် တို့ဟာ လီဗာပူးလ်ရဲ့ ခံစစ်အစွန်လူတွေကို ကျော်ဖြတ်မရပဲ ဖြစ်နေတာကို မြင်တွေ့နေရပါတယ်။ အဲဒီအတွက်ကြောင့် မန်စီးတီးရဲ့ တောင်ပံ တိုက်စစ်တွေက အသေလို ဖြစ်နေခဲ့ပြီး ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။

61 Min

လီဗာပူးလ်က အသင်းခေါင်းဆောင် ဟန်ဒါဆင် ရဲ့ နေရာမှာ မီီလ်နာကို ထည့်လိုက်တယ် ခင်ဗျာ။

60 Min

လီဗာပူးလ်က ဂျိမ်းစ်မီလ်နာ ကို ထည့်သွင်းကစားမယ့် ပုံပဲ ခင်ဗျာ။ သွင်းဂိုး (၃)ဂိုး ရထားပြီဖြစ်လို့ ခံစစ်ကို ကူညီနိုင်မယ့် ကစားသမားတွေကို နည်းပြ ကလော့ပ်က ထည့်သွင်းတော့မယ့် ပုံပါပဲ။

58 Min

နည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအသင်းသားတွေကို စိတ်ဓာတ်မကျဖို့ ကွင်းဘေးကနေ အော်ဟစ်နေတာကို တွေ့နေရပါတယ်။

မန်စီးတီးအသင်းရဲ့ တန်ပြန်တို်က်စစ်ကနေ အဂွီရိုနဲ့ စတာလင် တို့  ဂိုးရဖို့ ကြိုးစားနေကြပေမယ့်လည်း လီဗာပူးလ်နောက်ခံလူတွေကို ကျော်လို့မရပဲ ဖြစ်နေတာကို တွေ့နေရတယ်ခင်ဗျာ။

56 Min

လီဗာပူးလ်ရဲ့ ဒီတစ်ကြိမ် ထိုးဖောက်မှုကလည်း တကယ့်ကို အန္တရာယ်ရှိခဲ့ပြန်တာပါ။ ဖာမီနိုရဲ့ ဆုံးဖြတ်ချက်သာ မှန်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်း နောက်ထပ်ဂိုးရနိုင်မယ့် အနေအထားခင်ဗျာ။ မန်စီးတီးအသင််း ပွဲကြည့်စင်မှာတော့ ဇင်ချန်ကို ကိုတွေ့နေရပြီး သူ့နေရာမှာ ဝင်ရောက်ကစားနေတဲ့ အိန်ဂျယ်လီနို ရဲ့ ခြေစွမ်းအကြောင်း တွေးနေပြီလို့ ထင်ရပုံပါပဲ။