LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)

10 November 2019
LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)
Premier League November 10, 23:00

Liverpool
3 - 1 (FT)
Fabinho 6' Salah 13' Mane 51' Bernardo Silva 78'
Anfield
73 Min

လီဗာပူးလ်ရဲ့ ဒီတစ်ကြိမ် ထိုးဖောက်မှုကို ဂျွန်စတုံးအကောင်းဆုံး ကာကွယ်လိုက်နိုင်တာ ခင်ဗျာ။

လီဗာပူးလ်က  ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပြီး ဒီနေ့ပွဲရဲ့ (၄)ကြိမ်မြောက် ထောင့်ကန်ဘောဖြစ်ခဲ့တာပါ။ မန်စီးတီးအသင်းကတေ့ာ ထောင့်ကန်ဘော (၁၁)ကြိမ်အထိ ရရှိထားခဲ့ပါပြီ။

71 Min

လီဗာပူးလ်တိုက်စစ်မှူး ဆာနေး ကတော့ ကွင်းအတွင်းမှာ ဒဏ်ရာရပြီး လဲကျသွားခဲ့တယ်ခင်ဗျာ။ ဒါပေမယ့်လည်း ဆေးအဖွဲ့တောင် လာဖို့ မလိုပဲ ပြန်ထလာခဲ့ပါတယ်။

နှစ်သင်းစလုံးရဲ့ ကစားပုံတွေက ပိုပြီး ကြမ်းတမ်းလာတာကို တွေ့နေရပါတယ်။

69 Min

အဂွီရိုနဲ့ ဒီဘရိုင်းတို့ရဲ့ ထိုးဖောက်မှုကတစ်ဆင့် မန်စီးတီးတို့ ဂိုးရဖို့ ကြိုးစားနေခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ လီဗာပူးလ်ခံစစ်က အကောင်းဆုံး ကာကွယ်နေတယ် ခင်ဗျာ။

မန်စီတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းတိုက်စစ်အတွက် အဂွီရိုနဲ့ ဂျီးဆပ် တို့ကို လူစားလဲလိုက်ပြီ ခင်ဗျာ…။

67 Min

မန်စီးတီးအသင်းကတော့ လက်ရှိအချိန်အထိ လူစားပြောင်းလဲမှု မလုပ်သေးဘူးခင်ဗျာ။ သူ့ရဲ့လက်ရှိလူစာရင်းက အလုပ်မဖြစ်မှန်းသိပေမယ့်လည်း ဂွာဒီယိုလာကတော့ ခေါင်းမာမာနဲ့ စောင့်ကြည့်နေဆဲပါပဲ။

65 Min

လီဗာပူးလ်အနေနဲ့ ဒီပွဲကို နိုင်သွားရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက ယှဉ်ရမယ့်သူက မန်စီးတီးမဟုတ်တော့ပဲ ချယ်လ်ဆီးနဲ့ လက်စတာ တို့ ဖြစ်သွားတော့မှာပါ။ မန်စီးတီးအနေနဲ့လည်း အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာအထိ ဆင်းသွားဖို့ရှိနေပြီး လက်ရှိအနေအထားအရတော့ ချေပဂိုး(၃)ဂိုးလုံး ပြန်သွင်းနိုင်ဖို့  မလွယ်တော့တဲ့ အခြေအနေပါ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly