LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)

01 February 2020
LIVE: လက်စတာ ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 1, 19:00

Leicester City
2-2 (FT)
Barnes 54' Chilweel 64' Rudiger 46' 71'
Stadium: King Power Stadium
78 Min

အပေါ်မှာ ပြောခဲ့တဲ့အတိုိင်းပဲ သွင်းဂိုးအများတွေနဲ့ အကျိုးပေးနေတဲ့ လက်စတာအသင်းက ဒီနေ့ပွဲမှာလည်း နှစ်သင်းပေါင်းသွင်းဂိုး များသွားစေခဲ့ပြန်ပါပြီ။ ဒုတိယပိုင်းမှာ အပြန်အလှန်သွင်းဂိုးတွေကို တွေ့နေရပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲအဖြစ် အသွင်ပြောင်းခဲ့တာ ခင်ဗျာ

76 Min

ဒီနေ့ပွဲအတွက်တော့ ရူဒီဂါက ချယ််လ်ဆီးအသင်းရဲ့ ကယ်တင်ရှင်ကြီး ဖြစ်လာခဲ့ပြီ ခင်ဗျာ။ ခေါင်းတိုက်ခွင့်ရတဲ့ နှစ်ကြိမ်မှာ နှစ်ဂိုးရအောင် သွင်းနိုင်ခဲ့တဲ့ ရူဒီဂါရဲ့ စွမ်းဆောင်ရည်က (၁၀၀) ရာခိုင်နှုန်းထက် ကျော်နေပြီလို့  ပြောရမလားပါပဲ။

Goal!!!

ချယ်လ်ဆီးအသင်း ချေပဂိုးရသွားခဲ့ပြီ ခင်ဗျာ။ ရူဒီဂါ ကပဲ ထပ်ပြီး ချေပပေးလိုက်ပြန်တာပါ။

72 Min

ဒီပွဲရဲ့ ခြေစွမ်းမပြနိုင်ဆုံး ကစားသမားကို ပြောပါဆိုရင် ချယ််လ်ဆီးတောင်ပံကစားသမား အိုဒွိုင်းကို ပြောရမှာဖြစ်ပြီး ပွဲထွက်ကစားခွင့်ရခဲ့တဲ့ အိုဒွိုင်းဟာ ချယ်လ်ဆီးရဲ့ ကိုယ်ပျောက်ကစားသမားလို ဖြစ်နေခဲ့တယ် ခင်ဗျာ

70 Min

ချီဝဲလ်သွင်းယူသွားတဲ့ ဂိုးကတော့ ဂိုးသမား ကာဘယ်လာရို တစ်ယောက် ဘယ်လိုမှ မတတ်နိုင်ပဲ ပေးလိုက်ရတာ ခင်ဗျာ။ ချယ်လ်ဆီးအသင်းက ဦးဆောင်ဂိုးသွင်းပြီး ကင်းပါ၀ါကွင်းကြီးကို ခဏလောက် အသံတိတ်သွားစေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အိမ်ရှင်အသင်းက ပြန်လည်လို့ ဦးဆောင်နေပါပြီ

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly