Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)

22 February 2020
Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)
Premier League February 22, 19:00

Chelsea
2-1 (FT)
Giroud 15' Alonso 48' Rudiger 89'
Stadium: Stamford Bridge
56 Min

လိုဆယ်ဆိုနဲ့ ဘောလုံးယှဉ်လုရင်း တက်နင်းခံလိုက်ရတဲ့ အက်ဇ်ပီလီကွီတာ ကတော့ တော်တော်လေး နာသွားခဲ့ပုံ ခင်ဗျာ။ ဒီအခြေအနေကို ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ဆုံးဖြတ်နေခဲ့ပါပြီ။ အနီကတ် ပြခံရနိုင်တဲ့အခြေအနေမို့ပါ။

54 Min

အလွန်ဆိုရဲ့ ဒီတစ်ကြိမ်အဝေးကန်ချက်ကလည်း ကောင်းလွန်းခဲ့တာ ခင်ဗျာ။ ဂိုးဧရိယာအပြင်ကနေ ကန်လိုက်တဲ့ အလွန်ဆိုရဲ့ ကန်ချက်ဟာ စပါးဂိုးသမား လိုရစ် ကို ဘယ်လိုမှ မတတ်နိုင်စေခဲ့ပဲ ဂိုးအဖြစ် ခွင့်ပြုပေးလိုက်ရတာပါ။ စပါးအသင်း သရေတစ်မှတ်ရဖို့တောင် တော်တော်လေး ခက်သွားပြီလို့ ပြောရပါတော့မယ်။

Goal!!!

ချယ်လ်ဆီးအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို အလွန်ဆို က သွင်းယူပေးလိုက်ပြန်ပြီ ခင်ဗျာ။

48 Min

ပွဲချိန် ပထမပိုင်းမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်က အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့တာ ခင်ဗျာ။ ဒါပေမယ့် အချက်အလက်တွေအရ ချယ်လ်ဆီးရဲ့ ခံစစ်ကပေးဂိုးတွေများနေတယ်လို့ ပြောရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃)ပွဲမှာ တစ်ပွဲကို ပေးဂိုး(၂)ဂိုး အနည်းဆုံး ခွင့်ပြုပေးထားခဲ့ရတာပါ။

Kick Off - 46 Min

ချယ်လ်ဆီးနဲ့စပါးအသင်းတို့ရဲ့ ဒုတိယပိုင်း (၄၅)မိနစ်ကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

Updates

4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago

Pages

Mizzima Weekly