Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)

22 February 2020
Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)
Premier League February 22, 19:00

Chelsea
2-1 (FT)
Giroud 15' Alonso 48' Rudiger 89'
Stadium: Stamford Bridge
66 Min

အန်ဒွန်ဘီလီရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုက ဂိုးရလုနီးပါး ဖြစ်ခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ရိစ်ဂျိမ်းစ်က ကာကွယ်သွားနိုင်ခဲ့လို့ ချယ်လ်ဆီးအသင်း ချေပဂိုးမပေးလိုက်ရတာပါ။

64 Min

မော်ရင်ဟို ရဲ့အသင်းဟာ လက်ရှိအချိန်အထိ ဂိုးကန်သွင်းခွင့် (၃)ခါသာ ရထားသေးပြီး ဂိုးပေါက်တည့်မှု (၂)ကြိမ်အထိသာ ရှိထားသေးတာပါ။

62 Min

စပါးအသင်းကတော့ လက်ရှိပုံစံအတိုင်းသာ ဆက်ကစားနေရင် ချေပဂိုိးရဖို့ မမြင်ဘူးခင်ဗျာ။ စပါးရဲ့ တိုက်စစ်ကစားပုံက အားရစရာမရှိပဲ ဘောလုံးတွေက ကွင်းလယ်မှာတင် ပျက်နေခဲ့တာပါ။ ဖြတ်တင်ဘောတွေကလည်း အခုအချိန်အထိ အလုပ်မဖြစ်သေးပါဘူး။

60 Min

စပါးနည်းပြ မော်ရင်ဟိုိကတော့ သူ့ရဲ့လူစာရင်းကို ဘာမှ အပြောင်းအလဲမလုပ်သေးပဲ စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြည့်နေဆဲ ခင်ဗျာ။ စပါးရဲ့အရန်စာရင်းမှာတော့ ဂတ်ဆွန်ဖာနန်ဒက်စ် ၊ ဒိုင်ယာ နဲ့ အယ်လီ ၊ အော်ရဲရား တို့လောက်ပဲ သုံးလို့ရတဲ့ ကစားသမားတွေ ရှိနေတာပါ။

58 Min

ကံကောင်းစွာနဲ့ပဲ VAR က ဒီအခြေအနေကို အနီကတ်အဖြစ် ပြသဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ မော်ရင်ဟို အတွက်တော့ ကံကောင်းသွားခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ချယ်လ်ဆီးနည်းပြ လမ်းပတ်ကတော့ အရန်ဒိုင်ကို စောဒက တက်နေခဲ့ပြီ ခင်ဗျာ။