Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)

22 February 2020
Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)
Premier League February 22, 19:00

Chelsea
2-1 (FT)
Giroud 15' Alonso 48' Rudiger 89'
Stadium: Stamford Bridge
84 Min

စပါးအသင်းက တန်ဂန်ဂါ ရဲ့နေရာမှာ အယ်လီ ကို ထည့်သွင်းကစားစေလိုက်ပြီး၊ အယ်လ်ဒါဝီးရဲ့နေရာမှာ အော်ရဲရား ကကို ထည့်သွင်းကစားစေလိုက်တယ် ခင်ဗျာ။

82 Min

ချယ်လ်ဆီးအသင်းက ကွင်းလယ်လူ ဘာကလေ ရဲ့နေရာမှာ ဝီလီယံကို ထည့်သွင်းအသုံးပြုလိုက်ပါပြီ။ ဒီရာသီကုန်ရင် ချယ်လ်ဆီးကနေ ထွက်ခွာဖို့ သေချာသွားခဲ့တဲ့ ဝီလီယံကတော့ နည်းပြ လမ်းပတ်ရဲ့ အရန်ကစားသမားအဖြစ်သာ ပွဲထွက်ခွင့်ရတော့တာ ခင်ဗျာ။

80 Min

စပါးကွင်းလယ်ကစားသမားတွေကတော့ တစ်ယောက်နဲ့တစ်ယောက်် အချိတ်အဆက်တွေ လွဲနေကြတုန်း ခင်ဗျာ။ တိုက်စစ်မှူးတွေအတွက် ပြေးလမ်းကြောင်း ထိုးပေးတာတောင်မှ တည့်အောင်မပေးနိုင်တဲ့ အခြေအနေက တကယ့်ကို စိတ်ပျက်စရာဖြစ်ပြီး ဒီပုံစံနဲ့တော့ နည်းပြ မော်ရင်ဟို အတွက် အခက်တွေ့ဦးမယ့်ပုံပါ။

78 Min

ချယ်လ်ဆီးအသင်းက တိုက်စစ်မှူး ဂျီရော့ဒ်ရဲ့နေရာမှာ ကြံ့ခိုင်မှုသိပ်မပြည့်ဝသေးတဲ့ အေဗရာဟမ် ကို ထည့်သွင်း ကစားလိုက်ပြီ ခင်ဗျာ။

76 Min

ဒုတိယပိုင်းမှာတော့ စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှုမှာ ပြန်လည်အသာစီးရလာခဲ့တာ ခင်ဗျာ။ ဘောလုံးပိုင်ဆိုင်မှု (၅၇)ရာခိုင်နှုန်းရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ သူတို့ပေးထားရတဲ့ ဦးဆောင်ဂိုးတွေကို ပြန်လည်ချေပနိုင်ခြင်းမရှိသေးပါဘူး။

Updates

4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago

Pages

Mizzima Weekly