ပုလောတွင် ထောင်နှစ် ၂၀ ချမှတ်ခံထားရသည့် ဒေသခံ ၄ ဦး၏ နေအိမ်များ ချိပ်ပိတ်ခံရ

By ကိုရွှေမြိတ်
19 February 2022
ပုလောတွင် ထောင်နှစ် ၂၀ ချမှတ်ခံထားရသည့် ဒေသခံ ၄ ဦး၏ နေအိမ်များ ချိပ်ပိတ်ခံရ

ဖေဖော်ဝါရီ ၁၉

စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ဖမ်းဆီခြင်း ခံရပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံကျေးရွာနေ ဒေသခံ လေးဦး၏ နေအိမ်များကို စစ်တပ်က ချိပ်ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်အကျဉ်းထောင် ထောင်တွင်း တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရသူ လေးဦးမှာ ရှပ်ပုံကျေးရွာနေ ကိုဖိုးကျော်၊ ကိုတင်ဝင်းညွန့်၊ ကိုအောင်နိုင်စိုးနှင့် ကိုမင်းမင်းလတ်တို့ ဖြစ်သည်ဟု ဒေသခံက ဆိုသည်။

"နေအိမ် ချိပ်ပိတ်ခံရတာ ၁၀ အိမ်ရှိတယ်လို့ ကြားရပေမယ့် လောလောဆယ်တော့ လေးအိမ်လောက် ချိပ်ပိတ်ခံထားရတာ တွေ့တယ်" ဟု ရှပ်ပုံရွာ ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီက လာရောက် ချိပ်ပိတ်သည့် နေအိမ်များတွင် လူနေထိုင်နေပြီး နေအိမ်ပေါ်မှ ဆင်းပေးရန်နှင့် ပစ္စည်းများ သိမ်းဆည်းသွားရန် ပြောဆိုသွားကြောင်း သိရသည်။

#ချိပ်ပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required