ဖယ်ခုံမြို့နယ်ရှိ ဝှါရီဆူပလိုင်ကျေးရွာ ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး လိုက်ခြင်းကြောင့် ရွာသူ ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်

ဖယ်ခုံမြို့နယ်ရှိ ဝှါရီဆူပလိုင်ကျေးရွာ ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး လိုက်ခြင်းကြောင့် ရွာသူ ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်

ဖယ်ခုံမြို့နယ်ရှိ ဝှါရီဆူပလိုင်ကျေးရွာ ကို စစ်ကောင်စီတပ်က ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ရက် က မီးရှို့ ဖျက်ဆီး လိုက်ခြင်းကြောင့် ရွာသူ ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီး ၊ တိုက်လေယာဥ်တို့ဖြင့် အင်အားသုံး တိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ တစ်ရက်အတွင်း မိုးဗြဲ အပါအဝင် ဝှါရီဆူပလိုင်ကျေးရွာမှ ရွာသူ ရွာသားများ ထောင်နဲ့ချီ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါသည်။

ကရင်နီပြည်နေတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၁၅၀၀၀၀ကျော် ရှိနေပြီဟု သိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ နေရာများရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးလျက်ရှိပြီး အရပ်သားများကို လူသားဒိုင်း အဖြစ် ဖမ်းဆီး ခေါ်‌ဆောင်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက် ရှိသည်ဟု သိရသည်။

ဓာတ်ပုံ - Kayan Rescue Committee -KRC

#Mizzima

#PDF

#စစ်ကောင်စီ

#စစ်ဘေးရှောင်

#မိုးဗြဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required