People Media ဖေ့စ်ဘွတ်ပေါ်မှ ကွယ်ပျောက်

People Media ဖေ့စ်ဘွတ်ပေါ်မှ ကွယ်ပျောက်

ဖေဖော်ဝါရီ ၈

အာဏာသိမ်းစစ်တပ်လိုလားသော မီဒီယာတစ်ခုဖြစ်သည့် People Media သည် ဖေ့စ်ဘွတ်လူမှုကွန်ရက်မှ ယနေ့နံနက်ပိုင်းကစ၍ ကွယ်ပျောက်သွားသည်။

Follower ၁၆ သိန်းကျော်ရှိသည့် People Media သတင်းစာမျက်နှာနှင့် အခွဲတစ်ခုဖြစ်သော People Media Political အမည်ရှိ စာမျက်နှာနှစ်ခုလုံး နံနက် ၁၁ နာရီခန့်ကစ၍ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသတင်းများအသားပေးဖော်ပြသည့် People Media အနေဖြင့် တယ်လီဂရမ်တွင် သတင်းများဆက်လက်ထုတ်ပြန်နေသည်ကိုတွေ့ရသည်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူသွားပြီးနောက်မကြာမီမှာပင် စစ်ကောင်စီဝါဒဖြန့်သတင်းများဖြန့်ချိသည့် မြဝတီ နှင့် Mrtv Facebook Page များကို FB Team က ဖယ်ရှားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly