ရန်ကုန်မြို့တွင် ကျောင်းသားသမဂ္ဂ ၂ ခု ပူးပေါင်း၍ လူထုလှုံဆော်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့တွင် ကျောင်းသားသမဂ္ဂ ၂ ခု ပူးပေါင်း၍ လူထုလှုံဆော်ရေး လှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၂၅

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ကျောင်းသားသမဂ္ဂနှစ်ခု ပူးပေါင်း၍ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လူထုလှုံဆော်ရေး လှုပ်ရှားမှု တစ်ခုပြုလုပ်ခဲ့သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

အထက(၃) တာမွေကျောင်းသားများ သမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)နှင့် တာမွေမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်) တို့ပူးပေါင်း၍ "ဘာတိုက်ပွဲလဲ၊ လူထုတိုက်ပွဲ” စာသားပါ အောင်လံ တံခွန်အား ယာဉ်ထိန်းရဲကင်းတစ်ခုတွင် ချိတ်ဆွဲကာ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က "လူထုပညာရေးမဟုတ်၊ လူတစ်စုပညာရေးဖြစ်တဲ့ ရေပေါ်ဆီ စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ကြ” စာသားပါ ဘန်နာအား ချိတ်ဆွဲ၍ ကျွန်ပညာဆန့်ကျင်ရေး လူထုလှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ပိတ်ဆို့စစ်ဆေးမှုများ ရှိနေသည့်အပြင် မြို့နယ်အချို့၌ ကားခေါင်မိုးများပေါ်မှ သေနတ်များချိန်ကာ ပတ်ကင်းဆောင်ရွက်နေသောကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး ပြောက်ကျားလှုပ်ရှားမှုများ ငြိမ်သက်လုနီးပါးရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly