မြို့တော်သစ် ရွှေ့ပြောင်းမှာကို အင်ဒိုနီးရှားလွှတ်တော် အတည်ပြု 

မြို့တော်သစ် ရွှေ့ပြောင်းမှာကို အင်ဒိုနီးရှားလွှတ်တော် အတည်ပြု 

ဇန်နဝါရီ ၁၉ 

အင်ဒိုနီးရှားနိုင်ငံမှာ မြေအောက် တစ်ဖြည်းဖြည်း နိမ့်ဆင်းနေတဲ့ ဂျကာတာမြို့တော်ကို မိုင် ၁၂၀၀ အဝေးက သစ်တောဖုံးလွှမ်းရာ ဘော်နီယိုကျွန်းဆီ ပြောင်းရွှေ့မြို့တော်တည်မှာကို လွှတ်တော်က အင်္ဂါနေ့မှာ ဥပဒေပြုအတည်ပြုလိုက်ပါတယ်။  

“နူဆန်တာရာ”လို့ ခေါ်တွင်မယ့် မြို့တော်သစ် တည်မယ့်အရေးကို အောက်လွှတ်တော်မှာ တရားဝင် အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ လူဦးရေ ထူထပ်တဲ့ ဂျာဗားကျွန်းမှာ ပင်လယ်ရေ မြင့်တက်လာတာနဲ့ ယာဉ်ကြောလမ်းကြော ဆိုးဆိုးဝါးဝါး ပိတ်ဆို့တာတွေကြောင့် သမ္မတ ဂျိုကို ဝီဒိုဒိုဟာ မြို့တော်သစ် ရွှေ့ပြောင်းရေးကို ၂၀၁၉ ဧပြီမှာ စပြီး ဖော်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ 

လူဦးရေ သန်း ၃၀ ကျော်ထက်မနည်းရှိတဲ့ ဂျကာတာမြို့တော်ဟာ ဆိုးဝါးတဲ့ အခြေခံအဆောက်အအုံ ပြဿနာတွေနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုတွေကို ခါးစည်းခံနေရတာပဲ ဖြစ်ပါတယ်။ ၂၀၅၀ မှာ ဂျကာတာမြို့ရဲ့ သုံးပုံတစ်ပုံဟာ ရေအောက်နစ်မြုပ်ရလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။ 

အရှေ့ကာလီမန်တန်ပြည်နယ်မှာ တည်မယ့် အခု မြို့တော်သစ်ဟာ ဟတ်တာ ၅၆၁၈၀ နီးပါး ကျယ်ဝန်းမှာ ဖြစ်ပါတယ်။ 

မြို့တော်သစ်အတွက် အစောပိုင်း စီမံချက်တွေအရ ဒီဇိုင်းဆွဲထားရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ‘စမတ်စီးတီး’ မြို့အဖြစ် ဖန်တီးတည်ဆောက်မှာ ဖြစ်တယ်ဆိုပေမယ့် အချက်အလက်အနည်းငယ်ကိုပဲ အသေးစိတ် အတည်ပြုနိုင်ပါတယ်။ 

၂၀၂၀ မှာ မြို့တော်သစ်ကို စတင်တည်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် COVID-19 ကပ်ဘေးကြောင့် နှောင့်နှေးကြန့်ကြာနေခဲ့ရတာလည်း ဖြစ်ပါတယ်။ 

မြို့တော်သစ် ပြောင်းရွှေ့တည်တာဟာ ဘော်နီယိုကျွန်းက 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly