တီးတိန်မြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား ကာကွယ်ရေးတပ်ဖွဲ့က သေနတ် ၄ လက် သိမ်းဆည်းရရှိထားဟုဆို

တီးတိန်မြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား ကာကွယ်ရေးတပ်ဖွဲ့က သေနတ် ၄ လက် သိမ်းဆည်းရရှိထားဟုဆို

ဇန်နဝါရီ ၁၅

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ဖြစ် ပွားလျက်ရှိရာ သေနတ် လေးလက် သိမ်းဆည်းရမိထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“သူတို့ကို ကျွန်‌တော်တို့က မိုင်းကွင်းထဲရောက်အောင်မောင်းသွင်းလိုက်တာ မိုင်းကွင်းထဲရောက်သွားတော့ အသေအပျောက်တော့ မသိနိုင်သေးပေမယ့် ထိခိုက်သေဆုံးတာများနိုင်တယ်” ဟု ချင်းအမျိုးသားတပ်မတော် (CNA) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက်တွင် တီးတိန်မြို့နယ် သိုင်းငင်းရွာအလွန် ဟန်ဇင်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲဝင်များ မိုင်းကွင်းအတွင်းသို့ ဝင်ရောက်သွားသည့်အတွက် အသေအပျောက်များနိုင်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်တွင် ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ကျော်သည် တီးတိန်မြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီ ၁၃ရက်တွင် ထေဇန်းကျေးရွာအနီး၌ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးသွားခဲ့‌ကြောင်း ထုတ်ပြန်ထားသေးသည်။

၎င်းစစ်ကြောင်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ်) CDF ၊ KKG ၊ PDF Zoland နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေ ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly