မန္တလေး မဟာအောင်မြေ လျှပ်စစ်ရုံး အစောင့်စစ်သားများ ပစ်ခတ်ခံရ၊ ၁ ဦး သေဆုံး

မန္တလေး မဟာအောင်မြေ လျှပ်စစ်ရုံး အစောင့်စစ်သားများ ပစ်ခတ်ခံရ၊ ၁ ဦး သေဆုံး

ဇန်နဝါရီ ၁၅

မန္တလေး၊ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးတွင် ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ရုံးအစောင့် စစ်သားများ ပစ်ခတ်ခံရပြီး၊ တစ်ဦး သေဆုံးကြောင်း သိရသည်။

"ရုံးအစောင့် စစ်သားတွေကိုပစ်တာ နှစ်ယောက်ထိတယ်၊ စစ်သားတွေလည်း ပြန်ပစ်တယ်၊ ညက အဲဒီဘက်မှာ ပစ်သံတွေ ဆူညံနေတာ" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကို မန္တလေးမြို့အခြေစိုက် Justice Mandalay People Defense Force-JMPDF နှင့် Phoenix Special Task Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း JMPDF က ထုတ်ပြန်သည်။

ဝင်ရောက်ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသည့် စစ်သားတစ်ဦး လဲကျ သွားသည်ကို အတည်ပြုနိုင်ကြောင်း၊ နောက်ထပ်တစ်ဦးကိုမူ အတည်မပြုနိုင်ကြောင်း၊ ၎င်းတို့ လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေး၊ မဟာအောင်မြို့နယ် ၃၅ လမ်း၊ မြတောင်ကျောင်းတိုက်အနီးရှိ၊ လျှပ်ပ်စစ်အင်ဂျင်နီယာရုံးသည် ယမန် နေ့နံနက်ပိုင်းကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး လူအထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly