ရန်ကုန်တွင် လမ်းသွားလမ်းလာ အရပ်သားကိုဖမ်းပြီး ယူနီဖောင်းပေးဝတ် ကင်းလှည့်ခိုင်းသည့် ဖြစ်စဥ်များရှိနေ

ရန်ကုန်တွင် လမ်းသွားလမ်းလာ အရပ်သားကိုဖမ်းပြီး ယူနီဖောင်းပေးဝတ် ကင်းလှည့်ခိုင်းသည့် ဖြစ်စဥ်များရှိနေ
ပုံစာ - ရန်ကုန်မြို့ တစ်နေရာတွင် စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေသည့်မြင်ကွင်း။ ဓာတ်ပုံ - EPA

ဇန်နဝါရီ ၁၂

ရန်ကုန်တွင် လမ်းသွားလမ်းလာ အရပ်သားကိုဖမ်းဆီးပြီး စစ်ကောင်စီက ၎င်းတို့၏ စစ်ဝတ်စုံဝတ်ဆင်စေကာ ကင်းလှည့်ခိုင်းခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှာ အလုပ်မှဆိုင်ကယ်ဖြင့် ပြန်လာသည့် အရပ်သားကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ စစ်ယူနီဖောင်း ပေးဝတ်ကာ သေနတ်အကြီး( ကျည်မပါ )ကိုင်ခိုင်းပြီး တစ်ညတာကင်းလှည့်ခိုင်း၍ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့နေရာအချို့တွင်လည်း စစ်ကောင်စီက ဆိုင်ကယ်ဖမ်းဆီးမှုများနှင့် ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းခြင်းများပြုလုပ်လျက်ရှိပြီး အထက်ပါ ကင်းလှည့် ခိုင်းသည့် ဖြစ်စဥ်နှင့် စကစတွေက အရပ်ဝတ်နဲ့ ဖမ်းမည့်နေရာနားတွင် စျေးသည်တွေ သန့်ရှင်းရေးတွေလိုလို ဟန်ဆောင်အရင်ရောက်နေပြီး နောက်မှဖမ်းတဲ့အုပ်စုက အရပ်ဝတ်နဲ့တိတ်တိတ်လေးရောက်လာပြီးဖမ်းဆီးတာတွေလုပ်ကာ ဘေးပတ်ဝန်းကျင်က မသိအောင် နည်းမျိုးစုံနှင့် ဖမ်းဆီးတာ အချို့လည်း ဖြစ်ပွားလျက်ရှိကြောင်း ကြားသိရသည်။

သို့သော် ၎င်းတို့၏ လုံခြုံရေးအရ အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင်ခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly