မြိတ်ခရိုင် ပုလောမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ကြပ် ၁ ဦး အပါအဝင် ၅ ဦးကျ

By ကိုရွှေမြိတ်
10 January 2022
မြိတ်ခရိုင် ပုလောမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ကြပ် ၁ ဦး အပါအဝင် ၅ ဦးကျ

ဇန်နဝါရီ ၁၀

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ကြပ် အဆင့်တစ်ဦး အပါအဝင် ငါးဦး ကျဆုံးခဲ့ကာ လက်နက် ခဲယမ်းအချို့လည်း သိမ်းဆည်း ရမိခဲ့ကြောင်း ပုလော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ထံက သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေ ဖြစ်သော ပုလောမြို့နယ်၊ ကဗျာရွာနှင့် ပဝတ်ဖျားရွာ အတွင်းသို့ စစ်ကြောင်း နှစ်ကြောင်း ထိုးကာ ဝင်ရောက်လာသည့် စစ်တပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များအကြား ဇန်နဝါရီလ ၈ ရက်ည ၇ နာရီ ၄၀ မိနစ်တွင် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲ အပြီး ပြည်သူ့ ကာကွယ်ရေးတပ်က နယ်မြေ ရှင်းလင်းစဉ် စစ်ကောင်စီ ခလရ (၂၈၅) တပ်ရင်းမှ တပ်ကြပ် တစ်ဦး၏ ကျည်ပေါက် ဒဏ်ရာပါ သွေးစွန်းနေသည့် ယူနီဖောင်း တစ်ထည်နှင့် လက်နက် ခဲယမ်းအချို့လည်း သိမ်းဆည်း ရမိခဲ့သည်ဟု ပုလော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ဆားခဲရွာနဲ့ ပဝတ်ဖျားရွာဘက် နယ်မြေ ရှင်းလင်းတဲ့ အချိန်မှာ စစ်ကောင်စီ တပ်ကြပ် တစ်ဦးရဲ့ ကျည်ပေါက် ဒဏ်ရာ တစ်ချက်ရှိတဲ့ သွေးစွန်းယူနီဖောင်း တစ်ထည်၊ RPG ထိပ်ဖူး တစ်လုံး၊ ဗုံးသီး တစ်လုံး၊ ခြေနင်းမိုင်း တစ်လုံးနဲ့ M16 ကျည်ဆန် ၃၀ ပါ ကျည်ကတ် တစ်ကတ်တို့ကို သိမ်းဆည်း ရခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly