ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် ABC ဘီယာများကို အရောင်းအဝယ်မပြုလုပ်ကြရန် မြစ်ကြီးနားခရိုင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ယနေ့ ဇန်နဝါရီလ ၄ ရက် ရက်စွဲဖြင့် သတိပေး ထုတ်ပြန်လိုက်သည်။
မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့တွင်း၊ မြို့ပြင်၊ ကျေးလက်ဒေသများနှင့် Bar ဆိုင်၊ KTV ဆိုင်များမှာတွင် ရောင်းဝယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုမ္ပဏီများအနေနဲ့လည်း မြစ်ကြီးနား - ပူတာအို၊ မြစ်ကြီးနား - တနိုင်းဘက်များသို့ သယ်ယူပို့ ဆောင်ခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုထုတ်ပြန်လိုက်သည့် သတိပေးချက်ကို ဇန်နဝါရီလ ၁၀ရက်နောက်ဆုံးထား လိုက်နာရမည်ဖြစ်ပြီး သတ်မှတ်ရက် နောက်ပိုင်း ဆက်လက်ေရာင်းချနေသည့် ဆိုင်များကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပြီး၊ အရေးယူ ပိတ်ပင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။