ပေါက်မြို့နယ်မှ မင်းတပ်မြို့သို့ ထွက်လာသည့် စစ်ကောင်စီထောက်ပို့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

ပေါက်မြို့နယ်မှ မင်းတပ်မြို့သို့ ထွက်လာသည့် စစ်ကောင်စီထောက်ပို့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့ ယာဉ်ကို ဒေသခံပြောက်ကျားတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF-ပေါက်)ထံမှ သိရသည်။  

မကွေးတိုင်း၊ ပေါက်မြို့နယ် ငမို့ကြီးကျေးရွာနှင့် ရွှေလှံကျေးရွာကြားရှိ ပခုက္ကူ - မင်းတပ် လမ်းမကြီးပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၈ရက် နံနက် ၇နာရီဝန်းကျင်က ထိုယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း PDF-ပေါက်က သတင်းထုတ်ပြန်ထားသည်။

"ဆွဲမိုင်း နှစ်လုံးအသုံးပြု တိုက်ခိုက်ခဲ့ပြီး စကစ (စစ်ကောင်စီ) ကားတစ်စီး ထိခိုက်ခဲ့သည်''ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက် ည၁၀နာရီခန့်ကလည်း PDF-ပေါက်အဖွဲ့မှ ကိုယ်တိုင်လုပ် အဝေးပစ် စိန်ပြောင်းကို စမ်းသပ်သည့်အနေဖြင့် ရေပြာရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required