အောင်လံနယ် ပြလို့ရွာက အုပ်ကြီးရဲ့ COVID-19 ကာကွယ်ဆေးပေါ်လစီကြောင့် ခရီးသွားဖို့အခက်ကြုံ (အယ်ဒီတာထံပေးစာ)

အောင်လံနယ် ပြလို့ရွာက အုပ်ကြီးရဲ့ COVID-19 ကာကွယ်ဆေးပေါ်လစီကြောင့် ခရီးသွားဖို့အခက်ကြုံ (အယ်ဒီတာထံပေးစာ)

ဒီဇင်ဘာ ၅

ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပြလို့ကျေးရွာ အုပ်စု တောင်ထီးကျေးရွာမှာတော့အုပ်ချုပ်ရေးမှူးက ညစ်ပြီး COVID-19 ကာကွယ်ဆေးမထိုးထားတဲ့သူ၊ တပ်ထောက်ခံတဲ့သူမဟုတ်ရင် ခရီးသွားထောက်ခံစာမထုတ်ပေးတာကြောင့် ခရီးသွားလာရေးခက်ခဲလို့နေပါတယ်။

ရွာမှာ ဒီလ၂ရက်နေ့ကစပြီး ကာကွယ်ဆေး မထိုးတဲ့သူတွေကို ခရီးသွားထောက်ခံစာ မပေးတော့ဘူး။ ကာကွယ်ဆေး မထိုးရသေးတဲ့သူကလည်း ၁၄၀ကျော်ရှိတ။ အဲဒါကို အုပ်ကြီးဆိုတဲ့ မြင့်ကြည်က ကာကွယ်ဆေးမထိုးလို့အရေးယူမယ်၊ ခရီးသွားထောက်ခံစာမပေးဘူးဆိုပြီး ခြိမ်းခြောက်တယ်။ တပ်ထောက်ခံတဲ့သူတွေကိုတော့ ခရီးသွားထောက်ခံစာရေးပေးတယ်။ မထောက်ခံသူတွေကို အမြဲရစ်တာကြုံရပါတယ်။

အောင်လံကိုသွားတဲ့အခါ ခရီးသွားထောက်ခံစာမပါတဲ့အခါ စစ်ဆေးရေးဂိတ်မှာ ပါးရိုက်ခံရတာ၊ ထိုင်ထလုပ်ရတာ၊ ဖားခုန်ခုန်ရတာတွေလုပ်ရပါတယ်။

အောင်လံမှာစျေးဝယ်ဖို့သွားတဲ့သူတွေက ထောက်ခံစာရမှသွားဝယ်လို့ရမှာမို့လို့ အခုအရမ်းအခက်ခဲဖြစ်နေပါတယ်။ တချို့ ရွာသားတွေ ကြောက်လို့ ဒီနေ့နောက်ဆုံးအနေနဲ့ ဆေးထိုးရပါတယ်။ ဒီနေ့မထိုးရင် ထိုးခွင့်မရဘူးလို့ဆိုပါတယ်။ နောက်ပြီး တရုတ်နိုင်ငံဘက်နယ်စပ် လောက်ကိုင်ဘက် အလုပ်သွားလုပ်မယ့်အလုပ်သမားငါးယောက်ကို ထောက်ခံစာလုပ်မပေးပါဘဲထားပါတယ်။

ရွာမှာ အိမ်ခြေ ၂၁၀၊ လူဦးရေ ၉၀၀ ရှိပြီး ခရီးသွားထောက်ခံစာ တစ်စောင်ကို ၅၀၀ ကျပ်ပေးရပါတယ်။

အုပ်ကြီးက ရွာထဲမှာ NUG NLD PDF တို့ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာ စာတွေလည်းလိုက်ကပ်ထားပါတယ်။

(စာဖတ်သူများအနေဖြင့် မိမိတို့ဒေသနှင့်ပတ်သက်၍ အများသိစေလိုသည်များကို အယ်ဒီတာ့ထံပေးစာကဏ္ဍအတွက်ပေးပို့လိုလျှင် [email protected] သို့ပေးပို့နိုင်ပြီး အလျဉ်းသင့်သလိုစိစစ်ဖော်ပြသွားမှာဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required