အိန္ဒိယ တမီးလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်က ဒုက္ခသည်များအတွက် လူမှုဖူလုံရေးအစီအစဉ်များ ကတိပြု

By Sunday Observer
31 August 2021
အိန္ဒိယ တမီးလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်က ဒုက္ခသည်များအတွက် လူမှုဖူလုံရေးအစီအစဉ်များ ကတိပြု

အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်ဝန်ကြီးချုပ် အမ်ကေစတာလင်က ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သော သီရိလင်္ကာတမီးလ်ဒုက္ခသည်များအတွက် အိမ် ၇၀ဝဝ ကျော်ကိုပြုပြင်ခြင်းနှင့် ပညာရေးထောက်ပံ့ကြေးများအပါအဝင် လူမှုဖူလုံရေးအစီအမံများ ဆောင်ရွက်ပေးရန် ကတိပြုလိုက်သည်။

"တမီလ်နာဒူးညီလာခံ၌ စည်းမျဉ်း ၁၁၀ အရ suomotuကြေညာချက်ထုတ်ခြင်း၊ အထူးစခန်းများတွင် စုံစမ်းမှုအပေါ်အခြေခံ၍ ပြည်နယ်အစိုးရက ပြုလုပ်ပေးသည့် သင့်တင့်လျောက်ပတ်ပြီး ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဒုက္ခသည်များအနေဖြင့် ရရှိသင့်ကြောင်း စတာလင်က ပြောကြားခဲ့သည်" ဟု India Today တွင် ဖော်ပြထားသည်။

လူမှုဖူလုံရေးအစီအစဉ်များအတွက် ရူပီး ၃ ဒသမ ၁၇ ဘီလီယံ အသုံးပြုသွားမည်ဖြစ်သည်။

ပျက်စီးယိုယွင်းနေသည့် အိမ် ၇၄၆၉ လုံးကို ရူပီး ၂ ဒသမ ၃၁ ဘီလီယံ ကုန်ကျခံ ပြန်လည်တည်ဆောက် ပေး မည်ဖြစ်ကြောင်း စတာလင်က ပြောကြားခဲ့သည်။ ပထမအဆင့်အနေဖြင့် အိမ်အသစ် ၅၁၀ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပညာသင်ထောက်ပံ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဘွဲ့လွန်ကျောင်းသားများအား ပညာသင်ဆု များနှင့် ဘော်ဒါဆောင်ခများကင်းလွတ်ခွင့်အပြင် သီရိလင်္ကာတမီးလ်အသိုင်းအဝိုင်းတွင် အင်ဂျင်နီယာ ဘာသာရပ်အတွက် ရွေးချယ်ခံရသော ထိပ်တန်းကျောင်းသား ၅၀ သည် ပညာသင်ဆုများကို ရရှိလိမ့်မည် ဖြစ်သည်။ ဒုက္ခသည်များ သက်သာချောင်ချိရေးနှင့် ဒုက္ခသည်စခန်းများတွင် အခြေခံလိုအပ်ချက်များ တိုးတက်စေရေးအတွက် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။

အကျိုးခံစားခွင့်များအရ အိမ်ထောင်စုတိုင်းသည် မီးဖိုနှင့် ဓာတ်ငွေ့ဆလင်ဒါတစ်ဘူးကို အခမဲ့ရရှိမည်ဖြစ်သလို ဆလင်ဒါများအတွက် ၅ ကြိမ်အထိ နှစ်စဉ်ကုန်ကျစရိတ်သက်သာစွာဖြင့် ဓာတ်ငွေ့ ဖြည့်ခွင့်ရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly