တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှ ထိပ်တန်းအရာရှိတစ်ဦးအား စည်းကမ်းချိုးဖောက်မှုဖြင့် အစိုးရက စစ်ဆေးနေ

တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှ ထိပ်တန်းအရာရှိတစ်ဦးအား စည်းကမ်းချိုးဖောက်မှုဖြင့် အစိုးရက စစ်ဆေးနေ

ဂျက်မား၏ Ant Group Co. နှင့် and Alibaba Group Holding Ltd. တို့ တည်ရှိရာ ဟန်ကျိုးမြို့မှ ထိပ်တန်းအရာရှိတစ်ဦးကို တရုတ်အစိုးရက ကြီးမားသည့် စည်းကမ်းချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးလျှက်ရှိသည်။

အသက် ၅၃ နှစ်အရွယ်ရှိ ဟန်ကျိုးမြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး ကျူကျန်ရောင်းအား ပါတီစည်းမျဉ်းများနှင့် နိုင်ငံတော်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် စုံစမ်းဆေးနေကြောင်း စည်းကမ်းစစ်ဆေးရေးဆိုင်ရာ ဗဟိုကော်မတီက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မည်သည့်ပြစ်မှုများ ကျူးလွန်မှုဖြင့် ကျူအား စစ်ဆေးနေသည်ကို ကော်မတီက အသေးစိတ် မရှင်းလင်းခဲ့သော် လည်း အကျင့်ပျက်ခြစားမှုများအတွက် စစ်ဆေးရာတွင် ယခုကဲ့သို့ အသုံးအနှုန်းကို ကော်မတီက အသုံးပြုလေ့ရှိသည်။

ယင်းစုံစမ်းစစ်ဆေးမှုကို ကြေညာခဲ့ပြီးနောက် ဟန်ကျိုးမြို့၏ မြူနီစီပယ် လုပ်ငန်းကော်မတီက အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် တာဝန်ယူမှုရှိသည့် အုပ်ချုပ်ရေးဖြစ်ပေါ်စေရန် အတည်ပြုပြောကြားခဲ့သည်။

စည်းကမ်းစစ်ဆေးရေးဆိုင်ရာ ဗဟိုကော်မတီ (CCDI) ၏ ထုတ်ပြန်ချက်တွင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြား မလျော်ကန်သည့် ဆက်ဆံရေးကို အမြစ်ဖြတ်သွားရန် ဆော်ဩဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ကျူ၏ မိသားစုသည် နည်းပညာကုမ္ပဏီတစ်ခုက နိုဝင်ဘာလအတွင်း အများပြည်သူသို့ အသိပေးထုတ်ပြန်ခြင်း မပြုသေးမီကပင် အစုရှယ်ယာများကို ဝယ်ယူခဲ့ကြောင်း လူမှုမီဒီယာများတွင် သတင်းများထွက်ပေါ်ခဲ့သည်။

Ant Group ကုမ္ပဏီက ယမန်နှစ်အတွင်းက ကုမ္ပဏီအား အများပြည်သူသို့ မထုတ်ပြန်မီ အစုရှယ်ယာများအား မည်သူကမှ မဝယ်ယူခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာကြောင်းလည်း ထုတ်ပြန်ထားသည်။

Alibaba နှင့် ၎င်းတို့ကုမ္ပဏီ လုပ်ငန်းစုများကြောင့် ဟန်ကျိုးမြို့သည် တရုတ်နိုင်ငံ၏ တိုးတက်ချမ်းသာသည့် မြို့ကြီးတစ်မြို့ ဖြစ်လာသည်။ Alibaba က ဒေသအတွက် အခွန်ငွေ ဘီလျံနှင့်ချီ၍ ပေးဆောင်ထားသလို အလုပ်အကိုင်အများအပြားကိုလည်း ဖန်တီးပေးထားသလို ကုမ္ပဏီလုပ်ငန်းများအတွက် အဆိုပါမြို့သို့ ကုန်သည်များ ထောင်နှင့်ချီ၍ လာရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required