လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် ဟောင်ကောင်ရှေ့နေများအဖွဲ့ရွေးကောက်ပွဲမှ ကိုယ်စားလှယ်လောင်း နုတ်ထွက်

လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် ဟောင်ကောင်ရှေ့နေများအဖွဲ့ရွေးကောက်ပွဲမှ ကိုယ်စားလှယ်လောင်း နုတ်ထွက်

ဟောင်ကောင်ရှေ့နေများအဖွဲ့မှ ကောင်စီဝင်တစ်ဦးက သူနှင့် မိသားစုဝင်များ၏ လုံခြုံရေးကြောင့် လာမည့်သီတင်းပတ်တွင် ပြန်လည်ရွေးကောက်ခံမည့် သူ၏ အဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

တရုတ်က ပြဋ္ဌာန်းထားသော အမျိုးသားလုံခြုံရေးဥပဒေမှ ဖိအားများနှင့် ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာဖြစ်သော ဟောင်ကောင်သည် ရင်ဆိုင်နေရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေပြီး ရှေ့နေ ၁၂၀ဝဝ အဖွဲ့ဝင်ထားသည့် ရှေ့နေများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်သော Law Society ၏ ရွေးကောက်ပွဲများကို သြဂုတ်လ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ဟောင်ကောင်နှင့် တရုတ်ရှိတာဝန်ရှိသူများက စိုးရိမ်စရာ မလိုကြောင်း ပြောကြားခဲ့သော်လည်း ပုံမှန်အားဖြင့် အနိမ့်ဆုံးအဆင့်ရွေးကောက်ပွဲများသည်ပင် တရုတ်အစိုးရကို လိုလားသောမီဒီယာများနှင့် ဟောင်ကောင် အကြီးတန်းအရာရှိများ၏ စိစစ်တင်းကြပ်မှုကို ခံနေရသည်။

“ ကျွန်တော်နဲ့ မိသားစုရဲ့ လုံခြုံရေးအတွက် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ရုပ်သိမ်းကြောင်း ကျွန်တော် ကြေညာပါတယ်” ဟု ရှေ့နေ ဂျွန်နသန်ရို့က ထုတ်ပြန်ခဲ့သော်လည်း မည်သို့သော အန္တရာယ်ဆိုသည်ကို ပြောကြားခဲ့ခြင်းမရှိပေ။

"ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းရဲ့ ကောင်စီအတွက် ရွေးကောက်ပွဲက ဒီအဆင့်ထိကျဆင်းသွား ရတာ ဟောင်ကောင်အတွက်တော့ ရှက်စရာနဲ့ ဝမ်းနည်းစရာနေ့ပါပဲ”

Law Society သည် ရှေ့နေများအသင်းထက် ပိုမိုရှေးရိုးဆန်သည်ဟု ရှုမြင်သော်လည်း ယင်းအဖွဲ့အစည်းနှစ်ခု စလုံးသည် အစဉ်အလာအားဖြင့် ဥပဒေအပြောင်းအလဲများအပေါ် လေ့လာစောင့်ကြည့်သည့် အခန်းကဏ္ဍကပါဝင်ခဲ့ပြီး တရားသူကြီးများအား ခန့်အပ်ရေး အဖွဲ့တွင်လည်း ကိုယ်စားပြုပါဝင်ရသည်။

သြဂုတ်လ ၂၄ရက် ရွေးကောက်ပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်လောင်း ၅ဦးအနက် ၄ဦးသည် ပွင့်လင်းစွာ ပြောဆိုတတ်သူများဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးလုပ်ငန်း စဉ်များနှင့် ပတ်သက်၍ အစိုးရအရာရှိအချို့အကြားကြောက်ရွံ့မှုကိုဖြစ်ပေါ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly