တရုတ်က ဒူဘိုင်းတွင် ဝီဂါများကို ချုပ်နှောင်ထားသည့် လျှို့ဝှက်အကျဉ်းထောင်ထားရှိ

တရုတ်က ဒူဘိုင်းတွင် ဝီဂါများကို ချုပ်နှောင်ထားသည့် လျှို့ဝှက်အကျဉ်းထောင်ထားရှိ

တရုတ်အမျိုးသမီးငယ်တစ်ဦးက ဒူဘိုင်းရှိ တရုတ်အစိုးရလျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွင် အနည်းဆုံး ဝီဂါ ၂ ်ဦးနှင့်အတူ ၈ ရက်ကြာထိန်းသိမ်းခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ တရုတ်အစိုးရက နိုင်ငံနယ်နိမိတ် ပြင်ပတွင် အမည်းရောင်နယ်မြေဟုခေါ်သော နေရာများထားရှိကြောင်း ပထမဆုံး အထောက်အထား ထွက်ပေါ်လာ ခဲ့သည်။

အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ဝူဟူအန်သည် ၎င်းနှင့် စေ့စပ်ထားသူက တရုတ်အတိုက်အခံဖြစ်သည့်အတွက် သူမအား တရုတ်ပြည်သို့ ပြန်မပို့ရေးအတွက် တိမ်းရှောင်နေသည်။

ဒူဘိုင်းရှိဟိုတယ်တစ်ခုမှပြန်ပေးဆွဲခဲ့ပြီး အိမ်ကြီးတစ်လုံးကို ထောင်တစ်ခုအဖြစ်ပြောင်းထားသည့် နေရာတွင် တရုတ်အရာရှိများက သူမအား ထိန်းသိမ်းထားခဲ့ရာ ဝီဂါအကျဉ်းသား ၂ဦးကိုလည်း တွေ့မြင် ခဲ့ရသည်။

သူမအား တရုတ်ဘာသာဖြင့် မေးခွန်းထုတ်ခြိမ်းခြောက်ခြင်းများပြုလုပ်ကြပြီး ရည်းစားဖြစ်သူက နှောင့်ယှက်နေ ကြောင်းထွက်ဆိုထားသည့် ဥပဒေစာရွက်စာတမ်းများကို ဖိအားပေး လက်မှတ်ထိုးခိုင်းကြောင်း သူမက ဆိုသည်။

သူမသည် ဇွန်လ ၈ ရက်တွင် ပြန်လွတ်မြောက်လာခဲ့ပြီး ယခုအခါ နယ်သာလန်၌ ခိုလှုံခွင့်တောင်းခံထားသည်။

“ အနက်ရောင်နယ်မြေများ” သည် တရုတ်တွင် အများအပြားရှိသော်လည်း၊ အခြားနိုင်ငံတစ်ခုတွင်လည်း တရုတ်အစိုးရက ယင်းစခန်းများ တည်ထောင်ထားကြောင်းကို ဝူ၏ ထွက်ဆိုချက်က ကျွမ်းကျင်သူများအား သက်သေခံသည့် တစ်ခုတည်းသောအရာဖြစ်သည်။

ထိုကဲ့သို့သောနေရာများတွင် အတိုက်အခံများ၊ အကျင့်ပျက်ခြစားမှုသံသယရှိသူများနှင့် ဝီဂါလူမျိုးကဲ့သို့သော လူမျိုးစုများအား နိုင်ငံတကာတွင် ကြီးထွားလာနေသည့် သြဇာကို တရုတ်က အသုံးပြုကာ နိုင်ငံရပ်ခြားမှ တရုတ်နိုင်ငံသားများအား ဖမ်းဆီးခြင်းနှင့် ပြန်လည်ခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်းကို ဖော်ပြနေသည်။

သူမ၏ နိုင်ငံကူးလက်မှတ်ပေါ်မှ တံဆိပ်ခေါင်းများ၊ တရုတ်အရာရှိတစ်ဦးက သူမအား မေးမြန်းနေသည့် ဖုန်းအသံဖိုင်နှင့် အဆိုပါ အမျိုးသမီးစုံတွဲအားကူညီပေးနေသည့် သင်းအုပ်ဆရာတစ်ဦးထံသို့ ပေးပို့သော စာတိုများ အပါအဝင် ထင်ရှားသည့် သက်သေအထောက်အထားများစွာကို သတင်းထောက်များက တွေ့မြင်သိရှိခဲ့ရသည်။

ဒူဘိုင်းသည် ဝီဂါများအား စစ်ဆေးမေးမြန်းပြီး တရုတ်သို့ပြန်ပို့သည့် နေရာတစ်ခုအဖြစ် သမိုင်းကြောင်းရှိပြီး ဒူဘိုင်းကိုယ်တိုင်ကပင် လျှို့ဝှက်စစ်ဆေးမေးမြန်းမှုများနှင့် ဆက်စပ်နေသည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly