သဘောကွဲလွဲသူများအပေါ် နှိပ်ကွပ်မှုများရှိနေစဥ် ဟောင်ကောင်၏ အကြီးဆုံးသော ဆရာများသမဂ္ဂ အဖွဲ့ဖျက်သိမ်း

သဘောကွဲလွဲသူများအပေါ် နှိပ်ကွပ်မှုများရှိနေစဥ် ဟောင်ကောင်၏ အကြီးဆုံးသော ဆရာများသမဂ္ဂ အဖွဲ့ဖျက်သိမ်း

ဟောင်ကောင်တွင် အစိုးရနှင့် အမြင်သဘောကွဲသူများအပေါ် အာဏာပိုင်တို့ဘက်က ဖြိုခွင်းနှိပ်ကွပ်မှုများ လုပ်ဆောင်နေစဥ်အတောအတွင်း ယင်းမြို့၏ အကြီးဆုံးသော ဆရာများသမဂ္ဂအဖွဲ့က ယခုအခါ အဖွဲ့ဖျက်သိမ်းကြောင်း သြဂုတ် ၁၀ ရက်တွင် ထုတ်ဖော်ခဲ့သည်။

ယမန်နှစ်က ပေကျင်းတွင် ပြဋ္ဌာန်းခဲ့သည့် လုံခြုံရေးဥပဒေတစ်ရပ်‌အောက်တွင် ပစ်မှတ်ထားခံရမည့်အရေး စိုးရိမ်ပူပန်မှုများ ရှိနေချိန် ယခု ဟောင်ကောင် ဆရာများသမဂ္ဂအဖွဲ့၏ အဖွဲ့ပြိုကွဲမှုက ယခုနောက်ထပ်ပေါ်ပေါက်လာခဲ့သည့် ဒီမိုကရေစီလိုလားသော အုပ်စုတစ်ခု၏ တံခါးပိတ်သိမ်းမှုလည်း ဖြစ်သည်။

လုံခြုံရေး ဥပဒေအောက်တွင် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော် ဖမ်းဆီးခံထားရသည်။

ဟောင်ကောင်အစိုးရသည် ပြီးခဲ့သည့် အပတ်က ဒီမိုကရေစီလိုလားသော ဆရာများသမဂ္ဂနှင့်အကြား ခပ်စိမ်းစိမ်းဖြင့် ကင်းကွာစွာ ရှိနေခဲ့ပြီး အဆိုပါ သမဂ္ဂသည် ပေကျင်းဆန့်ကျင်သော၊ ဟောင်ကောင်အစိုးရဆန့်ကျင်သော သဘောထားများကို ပျံ့နှံ့စေခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း အေပီက ဖော်ပြသည်။

အဖွဲ့ပြိုကွဲမှု မတိုင်မီ နာရီများအကြာက တရုတ် နိုင်ငံပိုင်မီဒီယာက အဆိုပါ ဟောင်ကောင် ဆရာများသမဂ္ဂကို ရှင်းထုတ်ဖယ်ရှားသင့်သည့် “အကျိတ်ပို” တစ်ခုအဖြစ် သုံးနှုန်းခဲ့သည်။

“စိတ်မကောင်းစရာကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လူမှုဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ အ၀န်းအဝိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တာကြောင့် ကျွန်တော်တို့ဟာ ရှေ့ဆက်သွားရမယ့် လမ်းအတွက် မဖြစ်မနေ ပြန်စဥ်းစားခဲ့ကြရပါတယ်၊ သိပ်မကြာခင်က ဖြစ်ထားခဲ့တဲ့ အခြေအနေတွေကြောင့် ကျွန်တော်တို့ဟာ ကြီးမားတဲ့ ဖိအားတွေအောက် ကျရောက်ခဲ့ရပါတယ်” ဟု ဟောင်ကောင်၏ ပရော်ဖက်ရှယ်နယ် ဆရာများသမဂ္ဂက သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဖွဲ့၀င် ၉၅,၀၀၀ နှင့်အတူ ဟောင်ကောင်၏ အကြီးဆုံးသော သမဂ္ဂအဖွဲ့သည် အဖွဲ့၀င်သစ်များ လက်ခံမှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ အဖွဲ့၀င်များကို ပြန်အမ်းငွေထုတ်ပေးမည်ဟု ပြောခဲ့သည်။

ထို့ပြင် သမဂ္ဂအနေဖြင့် ဝန်ထမ်း ၂၀၀ ကို အလုပ်ဖြုတ်မည်ဖြစ်သလို ဆေးဘက်ဆိုင်ရာ ၀န်ဆောင်မှုများ ကမ်းလှမ်းနေခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကာ ယင်း၏ သက်သာချောင်ချိရေး စင်တာများကို ပိတ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly