တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တိဘက်ခရီးစဉ်ကို နိုင်ငံခြားသံတမန်များနှင့် ကျွမ်းကျင်သူများ စိတ်ဝင်စားနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တိဘက်ခရီးစဉ်ကို နိုင်ငံခြားသံတမန်များနှင့် ကျွမ်းကျင်သူများ စိတ်ဝင်စားနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တိဘက်သို့ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ် နောက်ကွယ်မှ ဖြစ်နိုင်ခြေရှိသော အစီအစဉ်များကို နိုင်ငံခြားသံတမန်များနှင့် ကျွမ်းကျင်သူများက စိတ်ဝင်စားလျက်ရှိသည်။

အဆိုပါ ခရီးစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း တရုတ်သမ္မတတစ်ဦး တိဘက်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။

တရုတ်၏ အတင်းအဓမ္မသိမ်းပိုက်မှုကို ဆန့်ကျင်သော တိဘက်လူမျိုးများအား နိုင်ငံတကာ ထောက်ခံမှုများ တိုးပွားလာနေချိန်တွင် တိဘက်ဒေသတွင် မတည်ငြိမ်မှုများ မြင့်တက်လာသည့်အပေါ် တရုတ်အစိုးရ၏ စိုးရိမ်မှုများကို ယင်းခရီးစဉ်က ဖော်ပြခဲ့ကြောင်း လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်(IFFRAS)၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တိဘက်ပြဿနာကို အရေးကြီးသတင်းများအဖြစ် ဖော်ပြနေခဲ့သောကြောင့် တရုတ်နှင့် အိန္ဒိယအကြား နှစ်ပေါင်းများစွာ တိုက်ခိုက်မှုများက တရုတ်အား မလုံခြုံစိတ်ကိုမြင့်တက်စေခဲ့သည်။

သို့သော် အိန္ဒိယ၏ လှုပ်ရှားမှုများသည် တရုတ်ကိုမထိခိုက်သော်လည်း နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေကြောင်း တရုတ်အစိုးရ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

အကြီးမားဆုံးမူဝါဒအပြောင်းအလဲမှာ ပြည်ပရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို ဆက်ခံမှုတွင် ဝင်ရောက်စွက်ဖက်သော တရုတ်အရာရှိများအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြစ်စေနိုင်သော တိဘက်မူဝါဒနှင့် အထောက်အပံ့ဥပဒေ (TPSA) ကို အမေရိကန်ကွန်ဂရက်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

တိဘက်မူဝါဒနှင့် အထောက်အပံ့ဥပဒေက တရုတ်အုပ်စိုးမှုကို ဆန့်ကျင်သော တိဘက်လူမျိုးများအား ထောက်ခံကြောင်း ဖော်ပြချက်ဖြစ်သည်။

အိန္ဒိယ၏ အစောပိုင်းမူဝါဒကို ပြန်လည်ထူထောင်ရန်နှင့် တိဘက်အား လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည် အသိအမှတ်ပြုရန် အိန္ဒိယတွင် တောင်းဆိုမှုများ ပြန်လည်များပြားနေချိန်၌ အမေရိကန်က ဒီမိုကရေစီနှင့် လွတ်လပ်ရေးအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဖြည့်ပေးနေသည့် အခြေအနေတစ်ခုတွင် တရုတ်က တိဘက်အား အုပ်ချုပ်ရန် အင်အားသုံးခြင်းကို ယခင်ကဲ့သို့ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း IFFRAS က အစီရင်ခံသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly