အမေရိကန်အရွယ်ရောက်သူများ၊ ကလေးများနှင့် သက်ဆိုင်သည့် မှတ်တမ်းတည်ဆောက်ရန် ခိုးယူထားသည့် အချက်အလက်များ တရုတ်တွင် လုံလောက်စွာ ရှိနေ

အမေရိကန်အရွယ်ရောက်သူများ၊ ကလေးများနှင့် သက်ဆိုင်သည့် မှတ်တမ်းတည်ဆောက်ရန် ခိုးယူထားသည့် အချက်အလက်များ တရုတ်တွင် လုံလောက်စွာ ရှိနေ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးက တရုတ်နှင့် ဖြစ်ပေါ်လာ နိုင်သည့် အန္တရယ်ကို သတိပေးခဲ့ပြီး တရုတ်တွင် အမေရိကန်မှ အရွယ်ရောက်များနှင့် ကလေးများအတွက် မှတ်တမ်းတည်ဆောက်ရန် ဆိုက်ဘာမှတဆင့် ခိုးယူထားသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များ အလုံအလောက်ရှိသည်ဟု ပြောကြားလိုက်သည်။

ဒေါ်နယ်ထရမ့်၏ လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မက်သရူး ပေါ့တင်ဂါက အမေရိကန်ကို လွှမ်းမိုးရန် တရုတ်က အမေရိကန်မှ ခိုးယူထားသော အချက်အလက် များကို အပြည့်အဝအသုံးချရန် နည်းလမ်းများ ရှာဖွေနေကြောင်း အမျိုးသားထောက်လှမ်းရေးအသိုင်းအဝိုင်းကို သူက သတိပေးခဲ့သည်။

သြဂုတ်လ ၃ရက်က ဆီးနိတ်လွှတ်တော်ထောက်လှမ်းရေးကော်မတီကြားနာပွဲတွင် မက်သရူး ပေါ့တင်ဂါက“ လူများ၏ အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ခြင်းသည် လီနင်ဝါဒီအစိုးရများ၏ အင်္ဂါရပ် တစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။

“ တရုတ်အစိုးရ 5G ကွန်ရက်အပါအဝင် အခြားနည်းလမ်းတွေ အသုံးချပြီး ကမ္ဘာတစ်ဝန်းလုံးမှ ဒစ်ဂျစ်တယ်ကွန်ရက်တွေကို ထိုးဖောက်ဝင်ရောက်မှုက တကယ့်ကို အဆင့်သစ်တစ်ခုကို ရောက်ရှိနေပါပြီ” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

ယင်းအချက်အလက်များကို ကပ်ရောဂါနှင့် ရွေးကောက်ပွဲအမျိုးမျိုးတွင်အသုံးချခဲ့သလို အမေရိကန် လူထုနှင့် နိုင်ငံရေးသမားများအား လွှမ်းမိုးရန်အသုံးပြုနိုင်သည်။

တရုတ်အစိုးရက ခိုးယူထားသော သို့မဟုတ် အခြားနည်းလမ်းများဖြင့် ရရှိထားသော သတင်းအချက်အလက် များကို အသုံးပြုပြီး အမေရိကန်ပြည်သူတိုင်းအတွက် အလျှို့ဝှက်ဆုံးအချက်အလက်အသေးစိတ်များကို ရှာဖွေနိုင်ဖွယ် ရှိကြောင်း မက်သရူး ပေါ့တင်ဂါက ပြောကြားခဲ့သည်။

“ ဒါကြောင့် ပါတီက ကမ္ဘာတစ်ဝန်းလုံးက သန်းပေါင်းများစွာရှိတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး အချက် အလက်တွေကို စုဆောင်းမှတ်တမ်းတည်ဆောက်ကာ သြဇာလွှမ်းမိုးဖို့၊ ပစ်မှတ်ထားဖို့၊ ခြိမ်းခြောက်ဖို့၊ ဆုချဖို့၊ အကြပ်ကိုင်ဖို့၊ အသရေဖျက်ဖို့၊ မြှောက်ပြောဖို့၊ အရှက်ခွဲဖို့၊ နောက်ဆုံးမှာ သွေးခွဲ၊ အနိုင်ယူပါလိမ့်မယ်” ခိုးယူထားသော အချက်အလက်အသစ်များအရ ကလေးများပင် လုံခြုံမှုမရှိနိုင်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly