တရုတ်သမ္မတရှီကျင့်ဖျင်က တိဘက်သို့ ခရီးထွက်

By france24.com
25 July 2021
တရုတ်သမ္မတရှီကျင့်ဖျင်က တိဘက်သို့ ခရီးထွက်

တရုတ်သမ္မတရှီကျင့်ဖျင်သည် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ထိပ်တန်းခေါင်းဆောင်တစ်ဦး ပထမဆုံးအလည်အပတ်ခရီးစဉ်အနေဖြင့် နိုင်ငံရေးအရ ထိရှလွယ်သည့် တိဘက်ဒေသသို့ ရှားရှားပါးပါးခရီးစဉ် တစ်ခု ထွက်ခွာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဇူလိုင်လ ၂၃ရက်တွင် ဖော်ပြခဲ့သည်။

တိဘက်သည် ရာစုပေါင်းများစွာကပင် တရုတ်၏ ထိန်းချုပ်မှု၊ လွတ်လပ်ရေးပေးမှုတို့ကို ကြုံတွေ့ခဲ့ရပြီး ၁၉၅၁ ခုနှစ်တွင် လှပစွဲမက်စရာကောင်းသည့် အဆိုပါ ကုန်းမြင့်ဒေသကို ငြိမ်းချမ်းစွာလွတ်မြောက်စေခဲ့သည်ဟု တရုတ်က ပြောကြားခဲ့ပြီး ယခင်က ဖွံ့ဖြိုးမှု နိမ့်ကျသော ဒေသကို ပညာရေးနှင့် အခြေခံအဆောက်အဦများ ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့သည်။

သို့သော် ပြည်ပရောက် တိဘက်လူမျိုးအများစုက တရုတ်ဗဟိုအစိုးရအား ဘာသာရေးဖိနှိပ်မှုနှင့် သူတို့၏ ယဉ်ကျေးမှုအား အားနည်းအောင်ပြုလုပ်နေသည်ဟု စွပ်စွဲသတ်မှတ်ထားကြသည်။

၂၀ဝ၈ ခုနှစ်တွင် တရုတ်၏ လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကြောင့် ရှေးဟောင်းယဉ်ကျေးမှုအား ထိခိုက်လာသည့်အပေါ် အမျက်ဒေါသထွက်လာသဖြင့် တိဘက်တွင် အသက်သေဆုံးခဲ့ရသည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၂၃ရက်က နိုင်ငံပိုင် CCTV ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမှုတွင် သမ္မတရှီကျင့်ဖျင် လေယာဉ်ပေါ်မှ ဆင်းလာစဉ် သူ့ပတ်ဝန်းကျင်တွင် အကများဖြင့် ဖြေဖျော်ခဲ့ကာ အနီရောင်ကော်ဇောခင်းပြီး ကြိုဆိုခဲ့ပြီး တိုင်းရင်းသားဝတ်စုံများဝတ်ဆင်ထားသည့် လူအုပ်ကြီးကလည်း တရုတ်အလံများကို ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြသည်။

သူသည် ဇူလိုင်လ ၂၂ရက်တွင် တိဘက်အရှေ့တောင်ဘက်ရှိ နင်းချီမိန်လင်းလေဆိပ်သို့ ရောက်ရှိခဲ့ သော်လည်း တရားဝင်သတင်းမီဒီယာများတွင် နှစ်ရက်ကြာသည်အထိ သတင်းဖော်ပြခြင်းမရှိခဲ့ပေ။

ပါတီဝင်များနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံက နွေးထွေးစွာ ကြိုဆိုပြီးနောက် ညန်းမြစ်နှင့် ယာလန် ဆန်ပိုမြစ်တွင် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးအကြောင်းလေ့လာရန် သမ္မတရှီသည် ညန်းမြစ်တံတားသို့ သွားရောက်ခဲ့သည်ဟု CCTV က ဖော်ပြခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ဖူကျန်းပြည်နယ်၏ ပါတီအကြီး အကဲအဖြစ်နှင့် ၂၀၁၁ခုနှစ်တွင် ဒုသမ္မတအဖြစ် ရှီသည် တိဘက်သို့ ယခင်က ၂ ကြိမ်သွားရောက်ခဲ့ဖူးသည်။

တိဘက်သို့ နောက်ဆုံးအလည်ပတ်သွားရောက်ခဲ့သည့်သမ္မတမှာ ၁၉၉၀ ပြည်နှစ်က သမ္မတကျန်စီမင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly