လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက တရုတ်စီးပွားရေးပြန်လည်နလံထမှုကို ထိခိုက်စေနိုင်

By Just Earth News
07 July 2021
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက တရုတ်စီးပွားရေးပြန်လည်နလံထမှုကို ထိခိုက်စေနိုင်

တရုတ်တွင် ရာသီဥတုအလွန်ဆိုးရွားမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ပိုမိုများပြားလာခြင်းက စွမ်းအင်လိုအပ်ချက် ပိုမိုမြင့်တက်လာနေခြင်းနှင့် ကျောက်မီးသွေးသုံးစွဲမှုအပေါ် တင်းကြပ်သော ကန့်သတ်ချက်များဖြစ်ပေါ်လာပြီး တိုင်းပြည်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ကြီးမားသော ထိုးနှက်မှုများ ဖြစ်နေသည်။

အဆိုပါ အခြေအနေသည် လပေါင်းများစွာကြာရှည်နိုင်သည့်ပြဿနာတစ်ခုဖြစ်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးပြန်လည်နလံထမှုကို ထိခိုက်စေနိုင်သလို ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်း CNN မှ သတင်းဖော်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသော တရုတ်ပြည်နယ်တော်တော်များများတွင်လည်း ညည်းညူနေကြသည်။

တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေးဌာနဖြစ်ပြီး နှစ်စဉ် ၁ဒသမ ၇ ထရီလီယံ သို့မဟုတ် တရုတ်ထုတ်ကုန်တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်း ကျော်ရှိပြီး နိုင်ငံခြားကုန်သွယ်မှု၏ ကြီးမားသောဝေစုရရှိထားသည့် ကွန်တုံပြည်နယ်တွင် လျှပ်စစ်ဓာတ်အားကို ခွဲတန်းဖြင့် ရနေသည်မှာ တစ်လကျော်နေပြီဖြစ်သည်။ ယင်းကန့်သတ်ချက်များကြောင့်ပြည်နယ်အနှံ့ရှိ ကုမ္ပဏီများသည် တစ်ပတ်လျှင် ရက်အနည်းငယ်ပိတ်ထားရသည်။ လျှပ်စစ်ဓာတ်အားခွဲတမ်းစနစ်သည် ယခုနှစ်အကုန်အထိ ကြာရှည်နိုင်ကြောင်း အချို့အာဏာပိုင်များက သတိပေးနေသည်ဟု CNN က သတင်း ဖော်ပြခဲ့သည်။

ကွန်တုံပြည်နယ်တွင်သာမဟုတ်ပေ၊ ယူနန်၊ ကွမ်စီနှင့် ကုန်ထုတ်လုပ်ရေးအချက်အချာဖြစ်သည့် ကျီကျန်းအပါအဝင် အနည်းဆုံးပြည်နယ် ၉ ခုသည်လည်း လျှပ်စစ်ပြတ်တောက်နေပြီး၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်တို့၏ မြေဧရိယာခန့်ရှိသော တရုတ်နယ်မြေတွင် ဒေသတွင်းအာဏာပိုင်များကို လျှပ်စစ်ထိန်းချုပ်မှုများ ပြုလုပ်ရန် ဖိအားပေးနေကြောင်း အမေရိကန်သတင်းချန်နယ်က ဖော်ပြသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာသည် ဇွန်လတွင် တရုတ်စက်ရုံများ၏ ထုတ်လုပ်မှု နှေးကွေးသွားသည်ဟု သတင်းများထွက်ပေါ်နေသည်။

"လျှပ်စစ်ဓာတ်အားခွဲတမ်းစနစ်က စီးပွားရေးကို မလွှဲမရှောင်သာ ထိခိုက်စေပါလိမ့်မယ်" ဟု Refinitivမှ ခဲကာဗွန်လေ့လာသုံးသပ်သူ ယန်ချင်က CNN သို့ ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly