NUG ကို တရားဝင် အသိအမှတ်ပြုဖို့ ပြင်သစ်အထက်လွှတ်တော်အမတ်တွေ လက်မှတ်ရေးထိုး

NUG ကို တရားဝင် အသိအမှတ်ပြုဖို့ ပြင်သစ်အထက်လွှတ်တော်အမတ်တွေ လက်မှတ်ရေးထိုး
ဓာတ်ပုံ- ဒေါက်တာဆာဆာ ဖေ့စ်ဘွတ်

ဇူလိုင် ၁

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အစိုးရတစ်ရပ်အဖြစ် ပြင်သစ်နိုင်ငံက အသိအမှတ်ပြုဖို့ ပြင်သစ်အထက်လွှတ်တော်အမတ် ၁၅၀ ကျော်က ဒီကနေ့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

NUG ကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုဖို့ ပြင်သစ်အထက်လွှတ်တော်အမတ်တွေက လက်မှတ်ရေးထိုးထားတာကို မကြာခင်ကျင်းပမယ့် ပြင်သစ်အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက သူ့ဖေစ်ဘွတ်မှာ အသိပေး ရေးသားထားတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအပေါ် စစ်အာဏာရှင်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှု အဆုံးသတ်ရေးအတွက် ပြင်းထန်တဲ့ အရေးယူမှုတွေကို ပြုလုပ်ဖို့ ပြင်သစ်လွှတ်တော်အမတ်တွေက ပြင်သစ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ပြင်သစ်အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို စစ်အာဏာရှင် အကြမ်းဖက်အုပ်ချုပ်မှု လက်အောက်က လွတ်မြောက်ကာ လွတ်လပ်ပြီး လူထုအားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly