စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံထားရသူ ဓါးဖြင့် ထိုးသတ်ခံရ 

စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံထားရသူ ဓါးဖြင့် ထိုးသတ်ခံရ 

ဇွန် ၂၆

စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ  ဦးညိုအေး ဓါးဖြင့် ထိုးသတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေထံကသိရပါတယ်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ် (စ) ရပ်ကွက်၊၅၇-၅၈ လမ်းကြား၊ ၁၂၄ လမ်းတွင် ဇွန်လ ၂၆ ရက် နံနက် ၈ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ  ဦးညိုအေး ဓါးဖြင့် ထိုးသတ်ခံရပြီး သေဆုံးသွားခဲ့တာပါ။ 

"မနက်ပိုင်းလောက်မှာ သူဓါးနဲ့အထိုးခံရတာပါ၊ တစ်ခါတည်းသေသွားတာဗျ၊ ဘာလို့လဲဆိုတော့ သူ့ဗိုက်မှာ ထားနဲ့ထိုးပြီး မွှေသွားတဲ့ပုံစံမျိုး၊ အူတွေတောင်တွေ့ရတယ်၊ သတင်းပေးဒလန်တစ်ဦးလို့တော့သိရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်သားတွေ ရောက်လာကြပြီး စစ်ဆေးတာတွေပြုလုပ်ပြီး သေနတ် သုံးချက်ဖောက်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly