စစ်ကောင်စီက အကယ်ဒမီ ဓိရာမိုရ် ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

စစ်ကောင်စီက အကယ်ဒမီ ဓိရာမိုရ် ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

ဇွန် ၂၅

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင် ဒုတိယပါမောက္ခချုပ် ( သင်ကြားရေး) ရာထူးမှ ဦးမောင်မောင်ဇော်ထက် အကယ်ဒမီ ဓိရာမိုရ်ကို ၎င်းဆန္ဒအလျှောက် နှုတ်ထွက်ပြုသည်ဟု စစ်ကောင်စီလက်အောက်ခံ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ဇွန်လ ၁၇ရက် ရက်စွဲဖြင့် ထုတ်ပြန် ထားသည်ကို တွေ့ရသည်။ 

အနုပညာတက္ကသိုလ်မှ နှုတ်ထွက်ခဲ့ခြင်းနှင့် ပတ်သက်၍"'အခု ၂၄နှစ်အကြာမှာ နှုတ်ဆက်လိုက်ပါတယ်။အနုပညာနဲ့ယဉ်ကျေးမှုမိသားစုဘဝတန်ဘိုးတွေနဲ့ကျေးဇူးတရားတွေကို မမေ့ပါဘူး''ဟု အကယ်ဒမီ ဓိရာမိုရ်မှ ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသားထားသည်။

မေလ ၁၆ရက်က စစ်ကောင်စီ၏ ဝါဒဖြန့် မြဝတီရုပ်မြင်သံကြားမှ ပန်းချီစိုးမိုး ၊ အကယ်ဒမီဓိရာမိုရ် တို့ဖြင့် ဗိုလ်ချုပ်ရုပ်ရှင်ကို ဆက်လက်ရိုက်ကူးသွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly