ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့ဗုံးပေါက်

ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့ဗုံးပေါက်

ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့ ရုံးကြီးလမ်းမှာရှိတဲ့ မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ဇွန်လ ၂၄ ရက်နေ့ ညနေ ၂နာရီ ၄၀ မိနစ် လောက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ရဲတွေက မြို့နယ်ပညာရေးမှူးရုံးရှေ့ကိုရောက်လာပြီး စစ်ဆေးမှူးတွေပြုလုပ်နေတယ်လို့သိရပါတယ်။ 

ဗုံးပေါက်ကွဲမှုနဲ့ အနီးအနားမှာရှိတဲ့ ဖျာပုံ အ.ထ.က (၁)ကျောင်းက ကျောင်းသား၊ကျောင်းသူ ကလေးငယ်တွေကို အိမ်ပြန်လွှတ်နေတယ်လို့လည်းဒေသခံတစ်ဦးကဆိုပါတယ်။ 

"ကျွန်တော်တို့နဲ့ နဲနဲဝေးတော့ အသံတော့ သိပ်မကြားလိုက်ရဘူး၊ အမှတ် ၁ ကျောင်းက ကလေးတွေတော့ အိမ်ပြန်လွှတ်နေပြီ၊ဗုံပေါက်တဲ့နေရာရဲ့ မျက်စောင်းထိုးမှာ ထွေအုပ်ရုံးလဲရှိတယ် ဘယ်သူမှ ထိခိုက်မိတယ်လို့တော့မကြားဘူး"လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဖျာပုံမြို့မှာ မေလ ၂၀ ရက်နေ့ကစတင်ပြီး ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ကာ ဒီကနေ့ဗုံးပေါက်ကွဲမှုအပါအဝင် ပေါက်ကွဲမှု ခြောက်ကြိမ်ထက်မနည်းရှိလာပြီဖြစ်တယ်လို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly