စစ်ကောင်စီကဖမ်းဆီးသွားတဲ့အထဲ ကျောက်ဆည်ကာကွယ်ရေးတပ် (KDDF)မှာ ၂ ဦးပါ

စစ်ကောင်စီကဖမ်းဆီးသွားတဲ့အထဲ ကျောက်ဆည်ကာကွယ်ရေးတပ် (KDDF)မှာ ၂ ဦးပါ

ဇွန် ၂၂

မန္တလေးမြို့က PDFတပ်ခွဲတစ်ခုကို စစ်ကောင်စီတပ်တွေဝင်စီးချိန်မှာ ဖမ်းဆီးခံရသူများထဲ၌ကျောက်ဆည်ကာကွယ်ရေးတပ် (KDDF)မှ လူငယ်နှစ်ဦးပါဝင်သွားကြောင်းသိရသည်။

ကျောက်ဆည်ကာကွယ်ရေးတပ်ကလည်းလူငယ်နှစ်ဦးဖမ်းဆီးခံခဲ့ရပြီး သုံးဦးအဆက်အသွယ်ပြတ်တောက်နေကြောင်းသတင်းထုတ်ပြန်ထားသည်။

"စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အဖမ်းခံရတဲ့လူထဲ ကျွန်တော်တို့တပ်ဖွဲ့ကနှစ်ယောက်ပါနေတာတွေ့ရတယ်။သုံးယောက်ကတော့အခုထိအဆက်အသွယ်မရသေးဘူး"ဟု ကျောက်ဆည်ကာကွယ်ရေးတပ်က ပြန်ကြားရေးတာဝန်ခံတစ်ဦးကမဇ္ဇျိမသတင်းဌာနကို အတည်ပြုထားသည်။

ကျောက်ဆည်ကာကွယ်ရေးတပ်သားတချို့ မန္တလေးPDFကိုရောက်ရှိနေချိန်မှာစစ်ကောင်စီကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

လက်ရှိအချိန်မှာတော့ ကျောက်ဆည်မြို့တွင်းမှာလည်း ပေါက်ကွဲမှုတွေနေရာအနှံ့ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်တွေကလည်း ကျောက်ဆည်မြို့အနီးကျေးရွာများအတွင်း စစ်ကားလေးစီးနဲ့လှည့်ပတ်စစ်ဆေးနေသည်ဟုဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly