ကျောက်မီးသွေးရုံမီးပွိုင့်အနီး အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသာ၂ဦး သေဆုံး

ကျောက်မီးသွေးရုံမီးပွိုင့်အနီး အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသာ၂ဦး သေဆုံး

ဇွန် ၂၁

မွန်ပြည်နယ် မော်လမြိုင်မြို့ကျောက်မီးသွေးရုံမီးပွိုင့်အနီး ဇွန်လ ၂၀ ရက်နေ့ ည ၈နာရီခွဲအချိန်ခန့်က အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များက  ဆိုင်ကယ်စီးနင်းလာသည့်အမျိုးသား နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကားလမ်းမအလယ်တွင်သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေကဆိုပါတယ်။ 

“မနေ့ကညပိုင်းကဖြစ်တာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်က ကျောက်မီးသွေးရုံမီးပွိုင့်အနီးမှာ တားဆီးစစ်ဆေးနေတာ ကောင်လေးနှစ်ယောက်ကဆိုင်ကယ်မရပ်ပေးလို့ ပစ်တာလို့ကြားတယ် “ ဟု ဒေသခံတွေကဆိုပါတယ်။ 

 မြန်မာ့စစ်တပ်တပ်ဖွဲ့ဝင်တွေ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် အမျိုးသားနှစ်ဦးမှာ လမ်းမ အလယ်တွင် ပစ်ထားခဲ့ပြီး လူမှုကူညီရေးအသင်းက သွားရောက် ကူညီလုပ်ဆောင်ပေးရာ တွင်လည်း အသံတိတ်ဖြင့်  ရင်ခွင်ရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ 

သေဆုံးသွားခဲ့ရသည့်အမျိုးသားနှစ်ဦးမှာ ဘီးလူးကျွန်းအဘစ်ကျေးရွာနေ ကိုမိုးဇော်ဦး နှင့် ကိုဇော်မင်းဦး တို့ဖြစ်ကြကြောင်း သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက မော်လမြိုင်မြို့ ကို ည၁၀နာရီမှာ နံနက် ၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly