ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်များရိက္ခာပြတ်လပ်နေသည့် ဒုက္ခကြုံတွေ့နေရ 

ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်များရိက္ခာပြတ်လပ်နေသည့် ဒုက္ခကြုံတွေ့နေရ 

ဇွန် ၁၄

ကယားပြည်နယ်အတွင်း သောင်းချီပမာဏရှိသည့် စစ်ဘေးရှောင်ပြည်သူများ လက်ရှိအခြေအနေအရ ရိက္ခာပြတ်လတ် နေသည့်ဒုက္ခကြုံတွေ့နေရကြောင်း ဒေသခံစစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးက မဇ္ဈိမကိုပြောသည်။

 "အခုကစစ်ဘေးရှောင်စခန်းတစ်ခုကို လူ ၁၀၀၀၀ကျော် အစားစားရှိတယ်။ တောင်တွေနဲ့ကွယ်ပြီးရှိနေတာ ။ အဲ့ဒီတော့ဒီးမော့ဆို တစ်ဖက်ထဲမှာတောင် တချို့ Camp တွေကနည်းနည်းတောင့်ခံနိုင်ပြီး တစ်ချို့ Camp တွေကျပြတ်လပ်နေပြီ ။ကျွန်တော်တို့ရောက်သွားတဲ့နေရာဆိုအခုအဆင်ပြေသွားပြီ။ဒါပေမဲ့တခြားနေရာတွေလုံးဝအဆင်မပြေဘူး။ အခုပြဿနာက တိုက်ပွဲနေရာတွေနဲ့နီးတဲ့ Camp တွေဆိုအဆင်မပြေဘူး။ အရမ်း Risk များတယ် သေဖို့များတယ်၊ ရှင်းရှင်းပြောရရင် စစ်ကောင်စီက အလှူရှင်လား ၊ ကူညီနေသူတွေလားဆိုတာနားမလည်ဘူး မဲမဲမြင်ပစ်သတ်နေတာ အလံဖြူလည်းမကယ်နိုင်ဘူး"ဟု၎င်းကပြောသည်။ 

ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် လက်လှမ်းမှီသလောက်သာရိက္ခာပစ္စည်းများပေးပို့ နေရသောကြောင့် လက်လှမ်းမမှီသည့် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်း၊ဒေါ့ငံခါးကုန်းသာ ၄မိုင် ၊လွိုင်နမ်းဖနှင့်ရှမ်း-ကယားနယ်စပ်ဘက်များ‌တွင်ရှိသောစစ်ဘေးရှောင်များမှာဆန်နှင့်ကုန်ခြောက်များ ပြတ်လပ်ခြင်း၊ နီးစပ်ရာဒေသအတွင်းကုန်ပစ္စည်းအဆမတန်မြှင့်တက်ခြင်း၊ရှားပါးလာသည့်ဒုက္ခများရှိနေကြောင်းသိရသည်။ 

"စစ်ရှောင်သီးသန့် ကြီးမှူးပေးတဲ့အဖွဲ့အစည်းမရှိ တော့ညီမတို့လိုပြည်သူတွေကပဲ လက်လှမ်းမှီသလောက် ရိက္ခာတွေပို့နေရတော့ တချို့ဒေသက ဘာအကူအညီမှ မရလိုက်တာတွေရှိနေတော့ အာလူးတစ်မျိူးပဲစားနေရတယ်။ရိက္ခာပို့တဲ့သူတွေကိုလဲစစ်ကောင်စီကပစ်သတ်ဖမ်းဆီးနေတော့မပို့ရဲကြတော့ဘူး။ ရိက္ခာရှားပါးတော့မယ့်အခက်အခဲဖြစ်နေတယ်။ပြည်တွင်းပြည်ပကအဖွဲ့အစည်းတွေထက်ဒေသအတွင်းကတက်နိုင်တဲ့ပြည်သူတွေကူညီပေးနိုင်ရင်ကူညီပေးကြပါ"ဟုစစ်ဘေးရှောင်များအားကူညီပေးသည့်လူငယ်တစ်ဦး ကပြောသည်။ 

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီမှဒီးမော့ဆိုမြို့၏အရှေ့ဘက်ခြမ်း၊လွယ်ရင်းနှင့်မိုးဗြဲတို့တွင်ရှိသောစစ်ဘေးရှောင်စခန်းများသို့ထိုးစစ်ဆင်၍လက်နက်ကြီးများပစ်ခတ်နေသောကြောင့်စစ်ဘေးဒုက္ခသည်များ နေရာအမျိူးမျိူးရွှေ့ပြောင်းနေထိုင်နေရသည့်အပြင် ယင်းသို့ထွက်ပြေးတိမ်းရှောင်သည့်အခါ စခန်းများတွင်ကျန်ခဲ့သည့်အစားအသောက်ပစ္စည်းများအား စစ်ကောင်စီတပ်မှမီးရှို့ဖျက်စီးခြင်းများလုပ်နေကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးတာ၀န်ခံများထံမှသိရသည်။ 

လက်ရှိကယားပြည်နယ်အတွင်းစစ်ဘေးရှောင်ပြည်သူတစ်သိန်းနှင့်အထက်ရှိလာပြီဖြစ်ရာပြည်နယ်၏သုံးပုံတစ်ပုံခန့်ကစစ်ဘေးရှောင်ပမာဏရှိလာပြီဖြစ်သည်။ 

အကြမ်းဖက်စစ်ကောင်စီမှ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလူငယ်များအား လမ်းပေါ်တွင်ဖြတ်သွားသမျှ မကြာခဏဖမ်းဆီးနေကြောင်း၊လက်ရှိအချိန်ထိ ပစ်သတ်ခံရသည့် စစ်ရှောင်များအားကူညီကယ်ဆယ်‌ရေးလူငယ်ခန့်မှန်း ၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly