ဧရာဝတီတိုင်းထဲက မြို့နယ်အချို့မှာ လက်နက်တွေ လာရောက်အပ်နှံဖို့လိုက်ကြေညာ

ဧရာဝတီတိုင်းထဲက မြို့နယ်အချို့မှာ လက်နက်တွေ လာရောက်အပ်နှံဖို့လိုက်ကြေညာ

ဇွန် ၉

ဧရာဝတီတိုင်းထဲက ဟင်္သာတ၊ မြောင်းမြ၊ ဖျာပုံ၊ မအူပင်၊ ကျုံပျော်၊ ညောင်တုန်းစတဲ့ မြို့တွေမှာ ပြည်သူတွေအနေနဲ့ လုပ်သေနတ်တွေ၊ လက်လုပ်ဗုံးတွေ သိမ်းဆည်းထားပါက  ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး  လာရောက်အပ်နှံကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေပါတယ်။

“မနက်ဖြန်နောက်ဆုံးထားပြီး ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ သေနတ်တွေ ဗုံးတွေသိမ်းထားတာရှိရင် လာအပ်ပါလို့ လိုက်အော်နေတယ်၊ အခုချိန်လာအပ်ရင် အရေးမယူဘူးပေါ့ဗျာ၊ မအပ်လို့တွေ့ရင် အရေးယူမယ်ဆိုပြီး အဲ့လိုလိုက်အော်နေတာ”လို့ ညောင်တုန်းမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဖျာပုံ၊မအူပင်၊မြောင်းမြ၊ ဟင်္သာတ၊ပုသိမ်၊ကျုံပျော်၊ ရေကြည်၊ ညောင်တုန်း၊ လေးမျက်နှာမြို့တွေ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ပြီးနောက် အခုလို့ အကြမ်းဖက်စစ်ကောင်စီက လိုက်လံကြေညာနေတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly