ကျောင်းသားသမဂ္ဂခေါင်းဆောင်အိမ်ကို စစ်ကောင်စီက ဝင်ရောက်မွှေနှောက် 

ကျောင်းသားသမဂ္ဂခေါင်းဆောင်အိမ်ကို စစ်ကောင်စီက ဝင်ရောက်မွှေနှောက် 

ဇွန်လ ၉ ရက်

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦး၏နေအိမ်ကို စစ်ကောင်စီတပ်များက ဇွန်လ ၈ ရက် ညပိုင်းမှာ ဝင်ရောက်ရှာဖွေသွားကြသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌလည်းဖြစ် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသ-ရန်ကုန်)၏ ဦးဆောင်သူတစ်ဦးလည်းဖြစ်သူ ကိုမင်းဟန်ထက်၏ လူမနေသောနေအိမ်ကို ည၁၁ နာရီခန့်က မွှေနှောက်ခဲ့ကြတာဖြစ်သည်။

 ” စစ်ကား ငါးစီး၊ စစ်သားအင်အား ၈၀ ကျော်ခန့်နဲ့ ဝင်ရောက်စီးနင်းပြီး တစ်အိမ်လုံး ရိုက်ခွဲ ဖျက်ဆီးသွားတယ်လို့ ကြားသိရပါတယ်။ လမ်းမကနေတောင် မှန်ကွဲသံတွေ တောက်လျောက်ကြား နေရ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကျွန်တော်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ ဓာတ်ပုံကစလို့ Visiting Card အထိ အကုန်ယူသွားတယ်လို့ သိရပါတယ်။” ဟု ကိုမင်းဟန်ထက်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 ဘေးချင်းကပ်ခြံတွင်နေထိုင်သူ ဦးလေးဖြစ်သူကိုလည်း ရိုက်နှက်သွားကာ အဖိုးနှင့် အဖွားကိုလည်း ပုံစံထိုင်ခိုင်းခြင်း၊ သေနတ်ထောက် ခြိမ်းခြောက်တာပြောဆိုခြင်းများလည်းရှိခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly