ပန်းတနော်မြို့နယ် ပေါ်တော်မူကျေးရွာက မူလတန်းလွန်ကျောင်း ညမထွက်ရအချိန် မီးလောင်ပြာကျ

ပန်းတနော်မြို့နယ် ပေါ်တော်မူကျေးရွာက မူလတန်းလွန်ကျောင်း ညမထွက်ရအချိန် မီးလောင်ပြာကျ

ဇွန် ၄

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ပေါ်တော်မူကျေးရွာက မူလတန်းလွန်ကျောင်းမှာ  အကြမ်းဖက်စစ်အုပ်စုက ညမထွက်ရ သတ်မှတ်ထားတဲ့အချိန် ဇွန်လ ၃ရက်နေ့က ည ၁၁ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ကျောင်းတစ်ကျောင်းလုံးပြာကျသွားခဲ့ပြီး ညမထွက်ရလောင်ခဲ့တာကြောင့် ဘာကြောင့်လောင်တယ်ဆိုတာကို မသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။

"ညမထွက်ရတဲ့အချိန်ကြီးလောင်သွားတာဗျ ထွက်ကြည့်တဲ့သူကို တရားခံဆိုပြီး စွပ်စွဲမှာကြောက်လို့ ဘယ်သူမှထွက်မကြည့်ရဲတော့ ဘာကြောင့်လောင်တယ်ဆိုတာ ခုထိမသိရသေးဘူး"လို့ဒေသခံကဆက်လက်ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ ရဲတွေက မီးလောင်ပြာကျခဲ့တဲ့ ပေါ်တော်မူ မူလတန်းလွန်ကျောင်းကို ဇွန်လ ၄ မနက်ပိုင်းအချိန်က လာရောက်စစ်ဆေးသွားတယ်လို့သိရပြီး ရွာသူ၊ရွာသားတွေကတော့ မတရားစွပ်စွဲလာမှာကိုစိုးရိမ်နေကြတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required