ပန်းတနော်မြို့နယ် ရေလဲကြီးရွာက Non CDM ဆရာမ ၁ ဦးဓားထိုးခံရ 

ပန်းတနော်မြို့နယ် ရေလဲကြီးရွာက Non CDM ဆရာမ ၁ ဦးဓားထိုးခံရ 

ဇွန် ၃

ပန်းတနော်မြို့နယ် ရေလဲကြီးကျေးရွာ မူလတန်းကျောင်းကလက်ထောက်ဆရာမတစ်ဦးကို ရေလဲကြီးကျေးရွာသားတစ်ဦးက ဇွန်လ ၃ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ ဓားနဲ့ထိုးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ဓားနဲ့ထိုးတဲ့သူက ကျောင်းအုပ်ကြီးနေအိမ်ကိုအရင်ဆုံး သွားရောက်ခဲ့သေးပြီး နေအိမ်မှာ ဘယ်သူမှ မတွေ့တာကြောင့် နေအိမ်ကို မီးနဲ့ရှို့ခဲ့ပါသေးတယ်။ 

ကျေးရွာဒေသခံတွေက မီးလောင်မှုကို တွေ့ရှိရတာကြောင့် အမြန်ငြိမ်းသတ်ခဲ့ရပါတယ်။ ကျောင်းအုပ်ကြီးနေအိမ်ကို မီးနဲ့ရှို့ပြီးအပြန် အဆိုပါဆရာကို လမ်းမှာတွေ့ရှိတာကြောင့် ဓားနဲ့ထိုးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

"ကျောင်းအုပ်ကြီးကို လုပ်ဖို့သွားတာထင်တယ် မတွေ့တော့ မီးရှို့ခဲ့တာပါ၊ဆရာမကိုတွေ့တော့ ဓားနဲ့ထိုးတာ လက်ကိုထိသွားတယ်"လို့ဒေသခံက ဆက်လက်ပြောပါတယ်။

 ကျောင်းအုပ်ကြီးအိမ်ကို မီးရှို့ပြီး Non CDM ဆရာမတစ်ဦးကို ဓားနဲ့ထိုးခဲ့တဲ့ ရေလဲကြီးရွာသားကို အဲ့ဒီ့ဖြစ်စဉ်တွေအပြီး မိနစ်အနည်းငယ်အချိန်မှာပဲ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly