“မြန်မာ့နွေဦးတော်လှန်ရေး” ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

“မြန်မာ့နွေဦးတော်လှန်ရေး” ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

ဇွန် ၃

စစ်အာဏာရှင် အမြစ်ပြတ် ဖြုတ်ချရေးအတွက် နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ “မြန်မာ့နွေဦးတော်လှန်ရေး” ကို ၂၀၂၁ ခုနှစ်၊ (၁၂) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့  ပြည်သူ့ဂုဏ်ရည်အသင်း (Citizen of Burma Award) က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

လက်ရှိကာလ မြန်မာပြည်ဟာ အကြမ်းဖက်စစ်အာဏာရှင်လက်အောက်ကို ကျရောက်ပြီး ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခြေအနေအရ ၂၀၂၁ ခုနှစ်၊ (၁၂) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို တစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခုကို မပေးတော့ဘဲ ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေတဲ့ “မြန်မာ့နွေဦးတော်လှန်ရေး” ကို ဂုဏ်ပြုချီးမြှင့်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာ့နွေဦးတော်လှန်ရေး” ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဂုဏ်ပြုလှူဒါန်းငွေတွေကိုလည်း နွေဦးတော်လှန်ရေးရဲ့ လိုအပ်တဲ့ နေရာတွေကို ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အခုဆုချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကို ပြည်ပနိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာလူမျိုးတွေက စုပေါင်းဖွဲ့စည်းထား တာဖြစ်ပြီး မြန်မာပြည်သားချင်းရိုင်းပင်းကူညီတဲ့အနေနဲ့ ပြည်သူ့ဂုဏ်ဆုကို နှစ်စဉ်ချီးမြှင့်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required