ရန်ကုန်သပိတ် ဖြိုခွင်းခံရပြီး လူငယ် ၁ ဦးကို ရိုက်နှက် ဖမ်းဆီးသွား

ရန်ကုန်သပိတ် ဖြိုခွင်းခံရပြီး လူငယ် ၁ ဦးကို ရိုက်နှက် ဖမ်းဆီးသွား

ဇွန် ၃ 

ရန်ကုန်မြို့လယ်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ပြောက်ကြားသပိတ် ဖြိုခွင်းခံရပြီး လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သား ငါးဦးက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက မဇ္စျိမကို ပြောပါတယ်။ 

ဆန္ဒပြပွဲ လူစုခွဲခါနီး ရန်ကုန်မြို့ ပန်းဆိုးတန်း Ruby Mart နားမှာ လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ 

“တောင်တန်းပြည်မ ညီညွတ်ကြသည်”ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရန်ကုန်မြို့က လူငယ်တွေစုပေါင်းပြီး ဒီကနေ့ ဇွန်လ ၃ ရက် မနက် ၈ နာရီကျော်က ဆန္ဒပြခဲ့ကြတာပါ။

အဲ့ဒီ ပျောက်ကြားသပိတ်မှာ လူဦးရေ (၃၀၀)နီးပါးပါဝင်ပြီး ရန်ကုန်မြို့ မြို့လယ် အနော်ရထာလမ်း တစ်လျှောက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီရရှိရေး ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းလာတဲ့အတွက် ရန်ကုန်မြို့အနှံ့ ပြောက်ကျားစနစ်နဲ့ နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly